(BinHao)
~
~
~"ဟာအို ဟာအို!အမြန် ထတော့ဗျာ ရုံးနောက်ကျတော့မယ်!!"
အလောတလျင် နှိုးစက်သံလေးက နားထဲတဝဲလည်လည်...
"5မိနစ်လောက်ဘဲ ပေးအိပ်လေ ဟန်ဘင်းရာ နော်.."
အိပ်ရေးမဝသေးသည့် အသံအက်အက်လေးနှင့် ဟာအို တောင်းဆိုမိတော့ ထိုကောင်လေးက ခေါင်းခါရမ်းလိုက်ကာ ခါးထောက်၍ သူ့အနားချက်ခြင်း ရောက်လာ၏။
"အခု ထ မလား ဒါမှမဟုတ် ဆွဲနမ်းလိုက်ရမလား?ဟာအိုကြိုက်တာရွေးနော်"
မွေ့ယာကုတင်ထက် ရှိနေသည့် ဟာအိုအား အုပ်မိုးကာ ကြည့်၍ ခပ်တည်တည် ဆိုလာသည့် ထိုကောင်လေး၏ စကားဘဲဖြစ်သည်။
ဟာအိုကတော့ သေချာပေါက် ဒုတိယတစ်ခုကိုဘဲရွေးမှာပေါ့။
အတွေးနဲ့အတူ ထိုကောင်လေး မမြင်အောင်ခိုးပြုံးလိုက်၍
"မထဘူးကွာ..ဟန်ဘင်း ကြိုက်သလိုလုပ် လုံး ဝ မ ထ ဘူး!"
သိသိသာသာ အသံကိုဖိပြော၍ နေမြဲအတိုင်းနေလိုက်တော့ ဟာအို့ နဖူးပြင်ထက် ရောက်ရှိလာသည့် နွေးထွေးမှုနှင့်နှုးညံ့မှုကို ခံစားလိုက်ရသည်။
ပြီးနောက် နှာတံ ပါးပြင် နားထင် မေးဖျားထိ ထိတွေ့လာတဲ့ နှုးညံ့မှုတွေ နောက်ဆုံး ဟာအို့ နှခမ်းတွင် အဆုံးသတ်၍ သွားရသည်။"ကဲ ကျေနပ်ပြီလား?"
စနောက်ချင်နေတဲ့ ထိုကောင်လေးက ဟာအို့နဖူးပြင်အား လက်ချောင်းထိပ်နှင့် မနာအောင် တောက်၍ ပြောလာတော့ ရပ်တန့်လို့မရနိုင်သည့် အပြုံးတွေနှင့် ဟာအိုက ခေါင်းငြိမ့်ပြလိုက်ရသည်။
မဟုတ်ရင် သိပ်မကြာခင် အဆူခံရတော့မှာကို ဟာအို ရိပ်မိနေသည်လေ။
"ဒီနေ့ရော ဟန်ဘင်း အိမ်မှာဘဲ ကိုယ် ပြန်အလာကို စောင့်နေမယ်မလားဟင်.."
တိုးလျှလျှ ဟာအို့ တောင်းဆိုသံကို ကောင်လေးက ကြည်လင်နေသည့်အပြုံးတစ်ခုနဲ့..
"ဟာအိုက အဲလိုဖြစ်စေချင်ရင် ကျွန်တော်က လုပ်ပေးရမှာပေါ့"
ထို စကားလုံး လှလှလေးတွေနဲ့တင် လေပေါ်မြောက်သွားသူကတော့ ကျန်းဟာအိုပါဘဲ..။
