'' ထယ်ရယ်ရေ ကျောင်းသွားရတော့မယ်လေ မြန်မြန်လာခဲ့ ''
ခုနစ်နှစ်သားအရွယ်ထယ်ရယ့်ကို ကျောင်းလိုက်ပို့ဖို့မေမေက ခြံတံခါးနားမှလှမ်းခေါ်နေတာဖြစ်၏။
ထယ်ရယ်ကတော့ သူတို့အိမ်ဘေးကိုပြောင်းလာတဲ့ အသားဖြူဖြူနဲ့ကလေးဆီက အကြည့်မလွှဲနိုင်သေး။သူ့အတွေးတွေကို မေမေကရိပ်မိဟန်တူသည်။
'' သားသား ဒီကိုမြန်မြန်လာ ၊ ကျောင်းမသွားခင်ဘေးအိမ်ကိုဝင်နှုတ်ဆက်ကြမယ် ''
'' အင်း '' မေမေ့စကားအဆုံးမှာ သူမေမေ့ဆီပြေးသွားလိုက်သည်။
'' မင်္ဂလာပါ ကျွန်မတို့ကဘေးအိမ်ကလေ လိုတာရှိရင်လာပြောလို့ရတယ်နော် ''
မေမေကပြုံးပြီးနှုတ်ဆက်တော့ ခုနကကောင်လေးရဲ့မေမေက ပြန်နှုတ်ဆက်သည်။
'' ဟုတ်ကဲ့ ကျေးဇူးပါပဲနော် ''
ခပ်ဝဲဝဲ korean accent ကြောင့် korea လူမျိုးမဟုတ်တာကို ထယ်ရယ်ခန့်မှန်းမိသည်။
'' ဟယ်လို ငါကထယ်ရယ် ''
ထယ်ရယ်ကလက်ကမ်းတော့ တစ်ဖက်ကအသားဖြူဖြူကလေးက လှည့်ထွက်သွား၏။
'' သား ဒီလိုမရိုင်းရဘူးလေ ''
သူ့မေမေက အားတုံ့အားနာနဲ့ဖြေရှင်း၏။
'' ပုံမှန်ဆိုကလေးက ဒီလိုမဟုတ်ဘူးရယ် အားနာလိုက်တာ ''
'' ရပါတယ် နေရာစိမ်း ၊ လူစိမ်းဆိုတော့ ထူးဆန်းနေတာဖြစ်မယ် ၊ သွားတော့မယ်နော် သားလည်းနှုတ်ဆက်လိုက်လေ ''
'' ခွင့်ပြုပါဦးခင်ဗျ ''
လူကြီးလေးနဲ့တူတဲ့ ထယ်ရယ့်ကိုခပ်စိမ်းစိမ်းအန်တီက အတော်လေးသဘောကျသွားပုံပင်။ပါးကိုဆွဲညှစ်ကာ သဘောတကျရယ်နေရှာ၏။
'' မေမေ သားသူနဲ့သူငယ်ချင်းဖြစ်ချင်တယ် ''
'' ဖြစ်လာမှာပေါ့သားရယ် စောပါသေးတယ် ''
မေမေ့အပြောကို ထယ်ရယ်လက်ခံသဘောတူသည်။သူ့မှာအချိန်တွေအများကြီးရှိပါသေးတယ် ။
ဒီလိုနဲ့ပဲ တစ်ရက်တစ်ရက်သူအဲဒီကောင်လေးဆီက attention ရအောင်ယူသည်။
YOU ARE READING
𝖥𝖱𝖨𝖤𝖭𝖣
Fanfictionတားထားတဲ့စည်းကို တစ်ခါကျော်မိသွားရင် ၊ မင်းဘယ်တော့မှ နောက်ပြန်လှည့်လို့မရတော့ဘူးရစ်ခီ .... စည်းကိုအရင်စကျော်တဲ့သူက ငါလား မင်းဖြစ်ခဲ့တာလားဆိုတာကို မင်းပဲအသိဆုံးဖြစ်မှာပေါ့ ထယ်ရယ် ....