အိမ်ပြန်နောက်ကျပါတယ်ဆိုမှ မိုးကလည်း တဖွဲဖွဲ
သူနဲ့အတူ အလယ်တန်းကျောင်းသားလေးကော အမှောင်လမ်းထဲ ဟိုကြည့်သည်ကြည့်နဲ့ လျှောက်လာကြတာ
လမ်းမီးတိုင်တွေဟာလည် အာရုံခံစနစ်တွေနဲ့ဆိုတော့ သူတို့အနားရောက်မှ လင်းတာတွေဆိုတော့
မှောင်မဲနေတာမှ မသိရင် JunKyu တို့ဆီကို အမှောင်ထဲကနေ တစ်ခုခုထွက်လာတော့မယ့်အတိုင်းအလယ်တန်းကျောင်းသားလေးမှာလည်း
သူ့နည်းအတိုင်း မြန်မြန်လျှောက်နေသည်နှစ်ယောက်သားလျှောက်လာရင်း တံတားပေါ်ကဆင်းတော့ လမ်းမီးတိုင် ၄ခုလောက်မှာရှိတဲ့ မီးတိုင်ဟာ လင်းလာလိုက် မှိတ်သွားလိုက်ဖြစ်နေသည်
လူရှိတာလား ဆိုတာ မသဲကွဲတာမို့ ဒီတိုင်းဖြတ်သွားတာလို့ ထင်၍ ဆက်သွားပေမဲ့ အရှေ့မီးတိုင်က လင်းမသွားဘဲ အဲ့မီးတိုင်ပဲ လင်းလိုက် ပိတ်လိုက် ဖြစ်နေသည်
နှစ်ယောက်သား တိုင်ပင်စရာမလို သွားနေတာရပ်၍ အချင်းချင်း မျက်နှာချင်းဆိုင်မိသွားသည်
"Hyung "
သူကတော့ သရဲ အယုံအကြည်မရှိသူဆိုတော့ သရဲထက် လူဖြစ်နေမှာ ပိုပူမိသွားသည်
ကျောင်းသားလေးမှာတော့ ကပ်လာလိုက်တာ သူ့လက်တွေပါ ဆွဲကိုင်လာပြီး အားကိုးတကြီးအခေါ်ခံလိုက်ရသည်
"Hyung"
နဂိုက လေးတိုင်စာလောက်ဝေးသေးတယ် ထင်ပေမဲ့ အခုမှ အရှေ့မှာ တစ်တိုင်စာေလာက်သာ သူတို့နဲ့ခြားေတာ့သည်
သေချာကြည့်မှ လူရိပ်လည်း မတွေ့ရ
"Hyung"
ထပ်မံခေါ်လာတဲ့ ကျောင်းသားလေးအသံက တုန်ချိနေသည်
မယုံပေမဲ့ အကောင်အထည်မမြင်ရတော့ ဖြစ်နိုင်၏ မဖြစ်နိုင်၏ အသာထား လွယ်အိတ်ထဲ ထုလို့ရမဲ့ဟာ ရှာပြီး ကျောင်းသားလေးပါ လွယ်အိတ်ကို မေးငေါ့ပြ၍ ပြင်ခိုင်းထားရသည်
နှစ်ယောက်သား လက်ချင်းတွဲပြီး ရှေ့ဆက်လျှောက်တော့ သူတို့နားက မီးတိုင်က လင်းသွားသည်