ဆေးရုံတခုရဲ့ ကုတင်ပေါ်တွင် မကြာခင်မှာလူလောကကြီးကို နှုတ်ဆက်ခွဲခွာတော့မည် လူတယောက်ဘေးမှာ.... ခံစားချက်မဲ့တဲ့မျက်နှာသေနဲ့လူတယောက်က..မတ်တပ်ရပ်နေပြီး ကုတင်ပေါ်က အသက်ထွက်ခါးနီးလူကို မမှိတ်မသုန်း
စိုက်ကြည့်နေတယ်။ကုတင်ပေါ်ကလူက..တခုခုကိုစိတ်မချစွာ အမှာစကားပြောချင်ပေမယ့်.စို့နင့်နေတဲ့လည်ချောင်းကြောင့်..အားယူကာ..စကားလုံးတစ်လုံးချင်းစီးကို ထိုဘေးနားကလူကိုပြောလိုက်သည်။ ~သူပြောတဲ့စကားတွေကို ထိုလူကြားလောက်ပါ့ရဲ့
" ကျွန်..ကျွန်တော်..တူလေးကို...သခင်ကြီးစီ..အပ်ပါတယ်"
".........."
"ကျေးဇူးပြုပြီး..အဟွတ်..အဟွတ်.... စောင့်.စောင့်ရှောက်ပေးပါ..သခင်ကြီးရယ်"
"အင်း.."
သူစကားအဆုံးတွင် ထွက်ပေါ်လာတဲ့အေးစက်စက် စကားလေးတခွန်းဆိုပေမယ့်. .ဒီလူက ကတိပေးပြီးရင် တည်တဲ့သူတယောက်မို့ သူ့တူလေးကို ဒီလူလက်ထဲစိတ်ချနိုင်ပါပြီ။
နောက်ဆုံးတော့..မိဘမဲ့တဲ့ သူ့တူလေးအတွက်ရှေ့ရေးကို စိတ်ပူပန်ပီး နောက်ဆံတင်းနေတဲ့ထိုလူဟာ အရှိန်အဝါပြည့်တဲ့လူတယောက်ရဲ့စကားတခွန်းကြောင့် ယုံကြည်စွာစိတ်လျော့သွားဟန်။ သက်ပြင်းချသံ တချက်နဲ့အတူ ငြိမ်သက်သွားသော ခန္ဓာကိုယ်။
" Rain သူ့တူကဘယ်မှာလဲ"
မျက်မှန်ကိုင်းကို ပင့်တင်ကာ အနောက်ကတပည့်ဖြစ်သူကိုမေးလိုက်တော့...
" ဟိုမှာပါ...သခင်ကြီး"
Rainညွန်းပြတဲ့နေရာကို ကြည့်မိတော့ ၁၂ နှစ်အရွယ်ကလေးတယောက်ဟာ... လူနာစောင့်ထိုင်ခုံပေါ်မှာခွေ့ခွေ့လေး..အိပ်နေသည်။ ကိုယ်ပေါ်က အရောင်ပြောင်းနေပြီးဟောင်းနွမ်းနေသော အဝတ်အစားကိုကြည့်ချင်အားဖြင့် ထိုကလေးရဲ့ မပြည့်စုံမှုကို လူတိုင်း ခန့်မှန်းနိုင်သည်။
~အေးလေမိဘမရှိဘဲ ချို့ယွင်းတဲ့ဦးလေးဖြစ်သူနဲ့နေရာတာကို~ Rain တယောက် သနားစိတ်လေးပင်ဝင်သွားသည်။
"နှိုးလိုက်"
Rainကတော့ အိပ်မောကျနေတဲ့ ကလေးကိုမနှိုးရက်ပေမယ့် သခင်ကြီးအမိန့်ကိုလဲ မလွန်ဆန်ရဲပါ။
