တူ... တူ... တူ...
ဖုန်းမကိုင်။ မောင့်ကို ကျွန်မ ဖုန်းဆက်နှိုးနေသည်။ ဖုန်းသံနှင့် သူမနိုးတော့ တခြားနည်းနှင့် နှိုးရတော့မည်။ ကျွန်မ Telegram ကနှစ်ယောက်အတူ ရှိနေသည့် Voice chat ထဲ ဝင်ကာ " မောင် မောင်ရေ မောင်ထတော့လို့" ဟု အသံပြုလိုက်သည်။ ကျွန်မတို့ နှစ်ယောက် အိပ်လျှင် telegram voice chat ထဲအတူတူ အိပ်ကြမြဲဖြစ်သည်။ ဖုန်းမြည်သံနှင့်ဆို ဘယ်တော့မှမနိုး ကျွန်မ voice chat ထဲကခေါ်လိုက်လျှင် နိုးလာတတ်သည်။ တခါတလေ ကျွန်မ မခေါ်မနှိုးရင်တောင် ကျွန်မအသံကြားနေသည်ဟု ယောင်ရမ်းကာ နိုးနိုးလာတတ်သည့် အကျင့်ကလေးသည် မောင် ကျွန်မနှင့်တွေ့ပြီးမှ ရသည့်အကျင့်ဟု ပြောဖူး၏။ ကျွန်မအသံပြုလိုက်သည်နှင့် တပြိုင်နက် မောင့်အသံ အိပ်ချင်မူးတူးကလေး တစ်ဖက်မှ ထွက်ပေါ်လာသည်။
"အင်း... ထပြီ... ကိ...ဘယ်အချိန်က.. နိုး..နေတာလဲ"
မောင်မေးသည့် မေးခွန်းကို မဖြေနိုင် အရင်ဦးဆုံး မမပဲမှာ ပဲများပြချင်နေသည်လေ။
"Cam ဖွင့်အုန်း"
ဖုန်းဖန်သားပြင်ပေါ်မှ ကျွန်မပုံရိပ်သည် ပေါ်လာသည်။ မှန်တင်ခုံရှေ့ဖုန်းကိုထောင်ကာ ကျွန်မကိုယ်ကျွန်မ ဖုန်းထဲမှ မောင်နှင့်အတူ မှန်ထဲက ကိုယ့်ပုံရိပ်ကို ကြည့်လိုက်သည်။ ခန္ဓာကိုယ်ကို ဘယ်၊ ညာ ရမ်းကာကြည့်လိုက်၏။
အင်္ကျီဗြောင်နီညို ရင်စေ့ကြယ်သီးလေးတွေနှင့်အတူ ထမီနီညိုကို ဝတ်ဆင်ထားသည်။ ကျွန်မ မန္တလေးဖြစ်၍ မန္တလေးဖုံးဝတ်တတ်သည်လည်း မပြောတတ်ပါ။ မေမေနှင့် ထမီဝတ်သည့် အဖုံးဖက်မတူ မေမေက ရန်ကုန်ဖုံး ဝတ်သည် ကျွန်မက မန္တလေးဖုံးဝတ်တတ်သည်။ ကျွန်မအကြိုက်ဆုံး နီညိုရောင်လေးနှင့်မို့ မှန်ထဲမှ ကျွန်မပုံရိပ်သည် နဂိုထက် ပို၍ ကြွကြွရွရွလေးဖြစ်နေသည်ဟု စိတ်မှထင်မိသည်။ ခေါင်းလျှော်ထားသော ဆံပင်သည် ဝဲနေကာ ကျွန်မ၏ ကျောလည်တွင် ခန္ဓာကိုယ် ဟိုဘက်သည်ဘက် လှည့်သည်နှင့် လိုက်ကာ ကာရံညီညီ ရမ်းခါနေကြ၏။ အရပ် ၅ ပေ ၈ ရှိသော ကျွန်မ ဖိနပ်ကို ရွေးရအုန်းမှာပဲ သတိရမိသည် ဆိုလျှင်ပင် သေချာသည်ပေါ့ ကျွန်မတို့ ၄လပြည့် အမှတ်တရလေးအနေနှင့် မောင် ဆင်ပေးထားသည့် ပိုးကတ္တီပါ နက်ပြာ မြန်မာအင်္ကျီတို့နှင့် သိပ်လိုက်ဖက်သည့် ကတ္တီပါ ဖိနပ်ကလေး စီးကြည့်သွားရတော့မည်။
YOU ARE READING
Yes we are cheating
General Fictionဖောက်ပြန်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ "ဘဲရှိတဲ့ ကောင်မစောက်ဖုတ်ထဲ မောင့်လီး အချောင်းလိုက်ကြီး ဝင်လိုးနေတာ ငုံ့ကြည့်စမ်း" ဆိုတဲ့ မောင် (Wattpad ကတွေ့တဲ့ Virgo ♍ကောင်လေး) နဲ့ ကိနဲ့ ဇာတ်လမ်းကို Memory အရ သိမ်းချင်လို့ပါ။ My Dark Souls ထဲကနေ ခွဲထုတ်လိုက်တဲ့ ပ...