Title - Pure White Devil
Author- Priest
Chapter - Ongoing
Genere- Action, Fantasy, Shounenai, Supernaturalသူ့ကြည့်တော့ မျက်စိတစ်လုံးမှိတ်၊တစ်လုံးဖွင့်နဲ့ ဦးနှောက်ပဲပျက်နေသလိုလို။
သူ့အနေနဲ့ ကိုယ့်နာမည်ကိုယ်ပြန်မမှတ်မိရင်သာရှိမယ်၊ ဘယ်အချိန်ပဲပြန်တွေးတွေး သူ့အတွက်ပိုက်ဆံရှာပေးခဲ့တဲ့ ဘော်ဒါကြီးကိုတော့ဖြင့် ကယောင်ကတမ်းအမှတ်ရနေဆဲ_ အံ့ဖွယ်သရဲ ဘယ်ဘက်မျက်လုံးလေးကိုပြောပါတယ်။
ဒီမျက်လုံးနဲ့ သက်မဲ့ခန္ဓာတစ်ခုကိုကြည့်လိုက်ပြီဆိုရင် ဘယ်လိုသေတယ်၊ ဘယ်သူသတ်လို့သေရတယ်ဆိုတာကိုပါ ခွဲခြမ်းစိတ်ဖြာပြနိုင်တာကိုး (သတ်တဲ့လူရှိခဲ့ရင်ပြောပါတယ်)။
သူ့အနေနဲ့ 'Holmes 2.0'ပဲဖြစ်ဖြစ် 'Poirotရဲ့ မြေးသားလေး' ပဲဖြစ်ဖြစ် 'Conanရဲ့ညီငယ်လေး' ပဲဖြစ်လာပါစေဦးတော့.. ကောင်းတာပဲလေ။ ရဲစခန်းသွားပြီး အစိုးရဝန်ထမ်းစာမေးပွဲတောင် ဝင်ဖြေလို့ရရင်ရဦးမယ်။
ဒါပေမယ့်လဲ လောကကြီးက ခုလောက်မြန်မြန်ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမတဲ့လဲ။ မျက်စိတစ်မှိတ်အတွင်းမှာတင် လူသတ်တာက ရာဇဝတ်မှုမမြောက်တော့ဘူးတဲ့လေ။
'ဥပဒေ' ဆိုတဲ့အရာကလဲ ဒီကမ္ဘာကြီးထဲက လစ်သွားတာကြာလှရှိခဲ့ပါပကော။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာလောက်က ဟောလိုးဝင်းလိုပေါ့။ အနာဂါတ်မျိုးဆက်သစ်တွေကတော့ 'ကမ္ဘာအဆုံးသတ်တဲ့နေ့' ရယ်လို့ရည်ညွှန်းတတ်ကြလေရဲ့။
လူဆိုတဲ့အမျိုးက စကားပြောရင် သေချာပေါက် ချဲ့ကားပြီးပြောနေကြပဲဟာ။ ကမ္ဘာကြီးကဖြင့်အကောင်းကြီးရယ်၊ ဘာမှပျက်ဆီးနေတာမဟုတ်ဘူး။ လူသားမျိုးနွယ်ရဲ့ အဖွဲ့အစည်းကသာ ပျက်ဆီးသွားတာ။
အမှောင်ထုနဲ့ လိုက်ဖက်စွာ သီဆိုတီးမှုတ်ရင်း.. အပျော်ကြူးရဖို့ အဝီစိငရဲထိဆင်းလတ္တံ့။
အထူးထူးအပြားပြားသော သောင်းကျန်းရိုင်းစိုင်းမှုတို့အလယ်.. တို့မီးရှို့မီးလုပ်ပေးသူတစ်ယောက်ကတော့ ရှိစမြဲ။
လူအပေါင်းတို့မြေမှုန့်ဘဝရောက်ချိန်၌ ငါသည်လောကကို အုပ်စိုးပါအံ့။XXX
ဒါကို E tran ကနေ 'တိုက်ရိုက်'ပြန်သွားမှာပါဗျ။ အထူးတလည် 'တိုက်ရိုက်' လို့ပြောရတာက တကယ်ကြီးကို 'တိုက်ရိုက်' ပြန်မှာမို့လို့။
တရုတ်စာကို ပိုင်ပိုင်နိုင်နိုင်နှံ့နှံ့စပ်စပ်နားလည်တဲ့တစ်ယောက်ယောက်ကသာ ကိုင်လာခဲ့ရင် ကျွန်တော့် translation ကို ချက်ချင်းရပ်ပြီး အပြေးအလွှားသွားဖတ်ဖို့ စဥ်းစားထားတာပဲ။ အခုလက်ရှိကတော့ ကိုယ်လဲဖတ်ရင်းပြန်ရင်းသွားနေဦးမှာဆိုတော့ Updateလဲ ကြာလောက်တယ်။
![](https://img.wattpad.com/cover/376456652-288-k62271.jpg)
YOU ARE READING
Pure White Devil
TerrorTitle - Pure White Devil Author- Priest Chapter - Ongoing Genere- Action, Fantasy, Shounenai, Supernatural