Part 1
(Author note - ဒါက normal ficပါ။
2017လောက်မှာရေးခဲ့တာပါ။
အရင်ကမပြည့်မစုံဇာတ်လမ်းလေးဖြစ်ခဲ့လို့ အရေးအသားလေးပြန်အချောသတ်ရင်း
Wattpadမှာလာသိမ်းတဲ့အနေနဲ့ အဟောင်းကိုပြန်တင်လိုက်တာပါ။
Normal ficကြိုက်တဲ့သူတွေအနေနဲ့ဖတ်လို့ကောင်းမဲ့fictionပုဒ်လို့ပဲညွှန်းလိုက်တော့မယ် ဟီးးဟီးးး
အရင်ကတော့ fic nameက မဝေးပါရစေနဲ့ဆိုပြီးပေးခဲ့ပေမဲ့ "အရံလူ"ဆိုတဲ့နာမည်နဲ့ပိုလိုက်တယ်လို့ခံစားရတာကြောင့် Title တော့ပြောင်းထားပါတယ်)အရံလူ ♥
အသံတစ်ခု။
အိပ်မက်လေလား။
လက်တွေ့မှာလားမသဲကွဲ။မိန်းကလေးတစ်ယောက်ရဲ့အသံ။
မှုန်ဝါးဝါးမျက်နှာလေးတစ်ခု။
ကျနော်ထိုမျက်နှာကိုရင်းနီးနေသလိုလို။မျက်နှာကိုတော့ကျနော်သေချာမမြင်ရပေမဲ့
သူမပြောတဲ့အသံကိုသာ ကြားနေရသည်။သူမကိုထားမသွားဖို့။
လက်ထပ်ကြဖို့။
မြန်မြန်ပြန်လာခဲ့ဖို့မှာနေတာမျိုးဖြစ်သည်။အသံပိုင်ရှင်ကကျနော်နဲ့တဖြေးဖြေး ဝေးကွာသွားသည်။
ကျနော်သူမနောက်ကိုဆက်လိုက်နေမိသလား။''အင်း. . .ဟင်း .''
''သတိရလာပြီ"
''ကိုကို နေသာရဲ့လားဘယ်လိုနေသေးလဲဟင်''
ကျနော်သတိရလာတော့ လူကြီးတစ်ယောက်နဲ့မိန်းမပျိုတစ်ယောက်။
ကျနော့်ဘေးကနေစိုးရိမ်တကြီးရှိနေကြသည်။ကျနော်သူတို့ကိုမသိတာသေချာသည်။ ကျနော့်ကိုကျနော်လဲသိသလား မသိသလားမသေချာ။
ခေါင်းထဲမှာဗလာကျင်းနေသည်။
တစ်ခုခုကိုကြိုးစားကာစဥ်းစားသော်လည်း
စဉ်းစားမရ။ကျနော်ဘာတွေဖြစ်ခဲ့တာလဲ။''သက်သာပါတယ် ဒါနဲ့အန်ကယ်တို့ကဘယ်သူတွေလဲ ကျနော်အန်ကယ်တို့ကိုမသိဘူး''
ကျနော့်စကားကြောင့်လူကြီးရောမိန်းမပျိုပါမျက်နှာပျက်သွားကြသည်။
''ကိုကို. . .ဝတီလေမမှတ်မိဘူးလားကိုကို့ညီမ''
''ဟင့်အင်း ငါမင်းကိုမသိဘူး ငါကရော ဘယ်သူလဲ''