Part(3)
နောက်ကလိုက်နေတဲ့သူကိုသိချင်နေတာကြောင့်
တစ်နေရာအရောက်မှာသစ်ပင်နောက်ကိုကွယ်လိုက်သည်။ကျနော့်မြင်ကွင်းထဲကိုရောက်လာတဲ့သူကကိုမင်းခေါင်။
သူကဘာလို့ကျနော့်နောက်ကိုလိုက်ချောင်းနေတာလဲ။ကျနော်ပုန်းနေတဲ့သစ်ပင်နားကို မင်းခေါင်လာရပ်တေည့
သူ့ပုခုံးကိုကျနော်နောက်ကနေပုတ်လိုက်သည်။ထိုသုဟာလက်သီးရွယ်လျှက်လှည့်လာသည်။
''ဟိုး. . .ဟိုး ကိုမင်းခေါင်ကျနော်ပါမင်းဆက်''
''မင်းဆက်. . .ဟာမင်းကွာငါကရန်သူဆိုပြီးစော်တော့မလို့''
''ဒီခြံထဲမှာအကိုကရန်သူရှိသေးလို့လား''
''အဲ့လိုမဟုတ်ပါဘူးရုတ်တရက်ဆိုတော့
အကျင့်ဖြစ်နေလို့ပါဒီလိုပဲလေအကိုတို့လိုလုပ်ငန်းလုပ်တဲ့သူတွေက
သူများထက်လျှင်မြန်ရမယ်လေကိုယ့်ဘက်ကလက်ဦးမှုယူထားရမှာ''''ဒါနဲ့ကိုမင်းခေါင်တစ်ယောက်ယောက်ကိုရှာနေတာလား''
''မဟုတ်ပါဘူးမင်းကိုလိုက်ခေါ်တာပါ''
''ကျနော့်ကိုဘာကိစ္စလိုက်ခေါ်တာလဲ''
''ဆရာကခေါ်ခိုင်းလိုက်တာသူ့မိတ်ဆွေတွေရောက်နေလို့
မင်းနဲ့မိတ်ဆက်ပေးမလို့ထင်တယ်''''ခဏနေကျနော်လိုက်ခဲ့ပါ့မယ်ကိုမင်းခေါင်ပြန်နှင့်လိုက်ပါ''
''အေးအေးဒါဆိုအကိုသွားပီ''
ကိုမင်းခေါင်ကကျနော့်ကိုလိုက်ခေါ်တယ်ဆိုပြီး
နောက်ကနေခိုးကြောင်ခိုးဝှက်နဲ့။
တကယ်ဆိုရင်ကျနော့်ကိုအစောထဲကလှမ်းခေါ်သင့်တာ။
ကျနော်သာသူ့ကိုအသံမပေးဘဲစောင့်ကြည့်နေရင် ဒီလူဘာလုပ်မလဲ။
ကျနော်အိမ်ဘက်ကိုပြန်လာခဲ့သည်။''မင်းဆက်သားလာထိုင်''
''ဟုတ်ကဲ့''
''ဒါဒယ်ဒီတို့လုပ်ဖော်ကိုင်ဘက်ကိုရာဇလေ
သားမှတ်မိလား''''ဒီကအန်ကယ်ကကျနော်နဲ့သိလို့လား''
''မင်းဆက်အန်ကယ်ကိုမမှတ်မိဘူးလား''