"ဒီနေ့ ချိန်းထားတာရှိသေးလား အတွင်းရေးမှူးဂင်"
"မရှိပါဘူး Boss.. အဲ...ညနေကျရင်တော့ သူဌေးကတော်က အိမ်ကိုစောစောပြန်လာခဲ့ဖို့မှာလိုက်ပါတယ်"
"ကျစ်....မာမီကတော့ ဘာတွေကြံနေပြန်ပြီလဲမသိဘူး?"
Jay စုတ်တစ်ချက်သပ်လိုက်ပြီး လက်ထဲကဖိုင်ကိုသာပြန်ကြည့်နေလိုက်သည်~
အထပ်လွှာပေါင်းမြောက်မြားစွာဖြင့်ထည်ဝါနေတဲ့ အဆောက်အဦးတစ်ခုရှေ့Porsche black 911 တစ်စီးထိုးရပ်လာပြီး ကားပေါ်မှ ခန့်ညားချောမောသော အမျိုးသားတစ်ဦးဆင်းလာသည်~
"wow...ချောလိုက်တာ"
"အဲ့တာ JJရဲ့CEOလေ...."
"ဒီလောက်ချောတာဘာလို့ကိုယ်တိုင်Modelမလုပ်တာလဲမသိဘူး?"
Jayကရှေ့ကနေ ခြေလှမ်းခပ်သွက်သွက်လျှောက်နေပြီး အတွင်းရေးမှူးဂင်မှာတော့ စာရွက်စာတမ်းတွေထည့်ထားတဲ့အိတ်ကတစ်ဖက် နမူနာကုန်ကြမ်းတွေထည့်ထားတဲ့အိတ်ကတစ်ဖက်နှင့် လုံးထွေးနေပြီး တစ်ချက်လေးတောင်လှည့်မကြည့်တဲ့ Bossနောက်ကိုအသည်းအသန်ပြေးလိုက်နေရသည်~~~
Bossကတော့ အေးအေးဆေးဆေးနှင့်ဓာတ်လှေကားထဲဝင်သွားပေမဲ့ သူကတော့ လက်ထဲကအိတ်ပြုတ်ကျလို့ ပစ္စည်းတွေပြန်ကောက်ထည့်နေရသေးသည်~
တော်သေးတယ် ကလေးလေးတစ်ယောက်ရောက်လာပြီးကူကောက်ပေးလို့~~
"ကျေးဇူးနော် ကလေး"
"ရပါတယ်ဗျ...."
သူတို့ဓာတ်လှေကားထဲဝင်တော့ ကလေးလေးကလည်း အတူတူလိုက်ဝင်လာသည်~
"ဒါနဲ့ ကလေးကဘယ်အလွှာသွားမှာလဲ?"
"အာ...သားက ၁၅လွှာကိုသွားမှာပါဗျ"
"၁၅လွှာ??? ကစားကွင်းက ၂၃လွှာမှာမဟုတ်ဘူးလား?"
Jayကဝင်မေးလိုက်တော့ ကလေးပေါက်စက သူ့ကိုလှည့်ကြည့်လာသည်~~
မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
တကယ့်ချစ်မွေးလေး....ဝတ်ထားတာကလည်း Hoodieအပြာနုလေးနဲ့ ဘောင်းဘီတိုအဖြူလေးနဲ့~~တကယ့်ကိုအေးချမ်းနေရော~~~
YOU ARE READING
JAY HYUNG!! Wonie Loves You
FanfictionJay Hyung....ဂျောင်ဝန်းနီးက Jay Hyungကိုအများကြီးချစ်တယ်နော်~~~💗 Present for my sis😘