မနက်ဖြန်က အရားအားလုံးကိုဆီးကျိုလို့လာသည်။ငှက်လေးတွေက တီတီတာတာ တေးဖွဲ့လို့သီကျူးရင်း မနက်ခင်းအလင်းကို ကြိုဆိုကြလေသည်။နောက်ဆုံးတော့ နေမင်းကြီးကသူ့ရဲ့တောက်ပတဲ့အရှိန်ဝါကိုထုပ်လွှတ်ရင်းလောကကြီးကိုအလင်းပေးလိုက်လေသည်။
နွေ မှာတော့အကျင့်ဖြင့်နေတဲ့မျက်လုံးတွေကသူ့တာဝန်အတိုင်းပုံမှန်နိုးလာတော့သည်။သူနိုးလာတော့ရင်းနှီးချင်းမရှိတဲ့စိမ်းသက်တဲ့နေရာတစ်ခု သူကတော့ဦးရဲ့ဘေးမှာ ဦးကတော့သူနဲ့ဘေးဆန့်ကျင်ဘက်ကိုတစောင်းပေးရင်းအိပ်နေလေသည်။"ဟူးးးး ကိုယ်နဲ့မသိတဲ့နေရာဘယ်လိုများနေရပါ့မလဲနော်"
နွေ ညီးညူရင်းအိပ်ယာပေါ်ကဆင်းလိုက်သည်။ညက ဦးကဘယ်မှာဘာရှိတယ် ကုမ္ပဏီသွားရင်ဘာလုပ်ပေးရမယ် နက်စတိုင်ကိုဘယ်လိုလုပ်ရမယ်ဆိုတာတွေကိုသေချာလေးရှင်းပြပြီးမှရေဝင်ချိုးသည်။
မျက်နှာသစ်ပြီးလုပ်နေကြလုပ်အတိုင်း ဘုရားခန်းထဲကိုဝင်လိုက်သည်ဘယ်လောက်မှမကြာ ဘုရားခန်းထဲကကြေးစည်ထုသံလေးကဝေဝေလည်လို့ထွက်ပေါ်လာသည်။
အလုပ်သမားတွေမှာတော့အံ့ဩသင့်လို့ တစ်နှစ်မှတစ်ခါတောင်ကြားချင်မှကြားရတဲ့ကြေးစည်သံကဝေဝေလည်လို့အိမ်တခုလုံးကိုလွှမ်းခြုံနေလေသည်။ကြေးစည်နောက် ထပ်ဆင့်ပါလာတဲ့အသံလေးကမနက်စောစောအိမ်ကိုကျက်သရေဆောင်နေလေသည်။ကြီးရွှေကဘုရားပန်းကပ်၊ဆွမ်းတော်တင်၊ဆီမီးကပ်၊ရေချမ်းကပ်၊သစ်သီးဆွမ်းကပ်တွေလုပ်ဖြင့်ပေမဲ့အလုပ်များတာကြောင့်ဘုရားမရှိခို့ဖြင့် ညနက်ပိုင်းမှသာအားတာကြောင့်တက်ရှိခိုးရသည်။အားလုံးအိပ်နေချိန်မို့ ကြေးစည်ထုဖို့ကမသင့်တော်တော့ အခုတော့သားရောင်ဖြာရဲ့ အိမ်သားသက်ထားလေးကဘုရားတရားကိုကိုယ်တိုင်လုပ်နေလေသည်။
သိပ်မကြာလှေကားလေးအတိုင်းဆင်းလာတဲ့ကောင်လေးက ဖြူဖြူဖွေးဖွေးလေးနှင့်ချစ်စရာကောင်းလှသည်။"သား နွေ မနက်စာစားတော့မလား"
"ရပါတယ် ကြီးရွှေ ကျွန်တော်ဦးကိုစောင့်လိုက်မယ်"
"အင်းအင်း"
နွေ ပြောပြီးအိမ်အပြင်ကိုထွက်လာလိုက်သည်။
စိတ်တို့ကလည်း အရင်ကနေခဲ့တဲ့အင်းလေးကိုရွက်လွှင့်နေလေသည်။သူဘယ်လောက်အတွေးလွန်နေသည်မသိ ထမင်းစားဖို့ မိအေး လာခေါ်မှအတွေးတို့ကို ရပ်လ်ိုက်မိသည်။