"နောင်ကြီး မင်းမောင်ရေ ......ဗျို့ နောင်ကြီး!!"
"ဗျို့ လာပြီ လာပြီ"
ပြန်လည်ထူးသံနှင့်အတူ ဘုန်းကြီးကျောင်း အနောက်ဘက်ပေါက်မှ လူတယောက်ဆင်းလာ၏။
"ဘဘုန်း ဘယ်ကြွသွားသလဲ ကျုပ် ကျောင်းပေါ်မယ် မတွေ့ခဲ့လို့ဗျ"
"ဪ ဘဘုန်းဘုရားက ရွာထဲက အမေရီတို့အိမ်ကြွသွားတယ်လို့ ကျုပ်ကြားတာဘဲ ကျုပ်လဲ စောနမှ ကျောင်းပြန်ရောက်တာ သေချာမသိဘူးဗျ"
"ကဲ ဒီလိုဆိုတော့လဲ ကျုပ်လဲပြန်ရတော့မှာပေါ့ဗျာ ဘဘုန်းပြန်လာရင် ကျုပ်လာသွားတယ်လို့ပြောလိုက်အုန်းနော့"
"ဟုတ်ပြီ နောင်ကြီးရေ "
အရှေ့မှ လူ ပြန်သွားသည်နှင့် ထိုကောင်လေးသည်လဲ ကျောင်းပေါ်သို့ ပြန်တက်လာခဲ့ကာ ဆေးစရာရှိသည့် သပိတ်များအား ပြာနှင့်တိုက်ကာ သေချာဆေးကြော၏။
လက်ဖြင့်သပိတ်များအား အားယူတိုက်နေရသဖြင့် ထိုကောင်လေး၏ ခန္ဓာကိုယ်သည်လဲ လက်၏ လှုပ်ရှားမှုနှင့်အတူ ယိမ်းခါနေ၏။ထို့အတူ ဦးခေါင်းရှိ ထုံးထားသော လျောင်ထုံးမှာ လဲ ခန္ဓာကိုယ်နီးတူ လိုက်ပါယိမ်းခါနေပေသည်။ထိုအောက်မှ သွေးရောင်လွှမ်းနေသော နဖူးပြင်တွင်လဲ ချွေးများစို့နေသေးသည်။ဇင်ယော်တောင်သဖွယ်မျက်ခုံး ထူထူနက်နက်များဟာလဲ စုကြုတ်၍ သိမ်းငှက်တကောင်၏ မျက်လုံးများကဲ့သို့ စူးရှသော သောမျက်ဝန်းများနှင့်တွဲလိုက်လျှင် တစုံတခုအား အလိုမကျဟန်ရှိနေပေသည်။နှာတံစင်းစင်းတလျှောက် ဆင်းသွားလျှင် နှုတ်ခမ်းထူထူ များဟာ တင်းတင်းစေ့ပိတ်လို့ ထား၏။ထိုမှတဆင့် ထပ်၍ ဆင်းလိုက်လျှင် မေးရိုးကားကားအားမြင်တွေ့ရမည်ဖြစ်ပြီး ထိုအောက်ဘက်တွင်တော့ အတော်ထင်ရှားသော လည်ဇလုတ်သည် တံတွေးတချက်မြို့ချလိုက်သည်နှင့် အပေါ်အောက်ရွေ့လျားသွားသည်မှာ အလွန်ဆွဲဆောင်မှု ရှိလှပေသည်။
ဆေးကြောပြီးသော သပိတ်များအား မှောက်၍ မတ်တပ်ထရပ်လိုက်သည်နှင့် အဝတ်မဲ့နေသော ခန္ဓာအပေါ်ဘက်တွင် ကျယ်ပြန့်သော ရင်အုပ် ရှည်လျားသော အရပ်အမောင်း တို့နှင့် ကျစ်လစ်နေသော ဗိုက်သားတို့တွင် ကြွက်သား အဖုအထစ်များဟာ အစီအရီပင်။နဖူးပြင်မှ ချေးစများအား လှမ်းသုတ်လိုက်သော လက်ဖျင်တလျှောက်တွင်လဲ အကြောစိမ်းများဟာ ထောင်မတ်လို့ ပေါက်ထွက်တော့မယောင်ပင်။ခပ်ဖြူဖြူ အသားအရေနှင့် ယှဉ်ကြည့်လျှင်တော့ အလွန်ခန့်ညားသည့် အမျိုးသားဖြစ်သည်။

YOU ARE READING
အနာဂတ်မှ အမျိုးသားလေး
Fantasyဒါလေးကတော့ အတိတ်က အမျိုးသားတယောက်ဟာ မတော်တဆ ဖြစ်ရာမှ သေဆုံးသွား၍ သူ၏ဝိညာဉ်မှာ အနာဂါတ်သို့ရောက်ရှိလာခဲ့ခြင်းအကြောင်းလေးကို စာရေးသူ၏ စိတ်ကူးသပ်သပ်ဖြင့်ပုံဖော်ထားခြင်းဖြစ်သည်။