date my ex again

20 3 2
                                    

"ဒုံဟျွန်း မင်း ဘလိုင်းဒိတ်လေးဘာလေးလုပ်ပါအုန်းလား အသက်တွေလည်းကြီးနေပြီကို အဲ့ငါးတွေနဲ့ပဲယူတော့မလို့လား"

စီနီယာအကိုကြီးရဲ့ ရွှတ်နောက်နောက်စကားကြောင့် ဒုံဟျွန်းပြုံးမိသွားသည်။

"ဘယ်လိုလုပ်ရမှာလဲ စီနီယာရဲ့ ပြောပြပါအုန်း စီနီယာရဲ့ရည်းစားရနည်းလေးတွေ"

စီနီယာအန်တိုနီယိုဟာသူ့ချစ်သူလေးအာစတင်နဲ့သူ့ဘေးကိုရောက်လာပြီး ဘယ်လိုလုပ်သင့်ကြောင်းဖောက်သည်ချလေတော့သည်။

ထိုအချိန် စီနီယာ့ချစ်သူလေးမှ စကားစလေသည်။

"ဒုံဟျွန်းဘလိုင်းဒိတ်လုပ်ချင်ရင်လေ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း ဘလိုင်းဒိတ်လုပ်ချင်နေတဲ့လူရှိတယ် သိလား"

အာစတင်ရဲ့စကားကြောင့်နှစ်ယောက်လုံးအာစတင်ကိုလှမ်းကြည့်လိုက်သည်။

"သူ့နာမည်က ဒုံမင်းတဲ့ အမ်...ဟန်ဒုံမင်းပေါ့ ဒုံဟျွန်းတို့ ဒုံ,ဒုံချင်းဆိုတော့ ဒုံလို့ရတာပေါ့"

ဟမ်..အဲ့တာဘာစကားကြီးလဲ။ဒီကောင်ဘာတွေပြောနေတာလဲဆိုတဲ့အကြည့်နဲ့စီနီယာ့ကိုလှမ်းကြည့်တော့သူလည်းသဘောပေါက်စွာဖြင့်။

"အသဲလေး အဲ့တာဆို သူငယ်ချင်းကိုပြောထားလိုက်လေ ဒုံဟျွန်းလည်းဒီနေ့ညနေ4နာရီလောက် ဟိုခေါက်ဆွဲဆိုင်မှာစောင့်နေလိုက် အိုကေ"

သူ့စကားပြန်တောင်မစောင့် မျက်စိတစ်ဖက်မှိတ်ပြကာပြေးထွက်သွားလေသည်။

ဒုံမင်း...ဟန်ဒုံမင်း?

—————

ဟာ sh*t သွားပြီ။

ဘလိုင်းဒိတ်လုပ်ရမှာကိုမေ့ပြီး ငါးတွေထိုင်ကြည့်နေတာ နာရီဝက်နောက်ကျသွားခဲ့ပြီ။

ထပ်နောက်ကျလို့မဖြစ်တာကြောင့် ခေါက်ဆွဲဆိုင်ကို ပန်းကန်လုံးစီးကာပြေးရလေသည်။

————

အခုကဘယ်လိုခံစားချက်ကြီးလည်း စာအုပ်တစ်အုပ်ရဲ့ နိဒါန်းကစလို့နိဂုံးထိ အလွတ်မကျန်သိနေတဲ့စာအုပ်ကိုပြန်ဖတ်ရမယ့် ခံစားချက်မျိုးလား။

The Memories Of The Author BenWhere stories live. Discover now