Part-1

632 123 25
                                    



' Baekhyun Talks First Solo Tour, Next Solo Album, & Starting New Company INB100 '

Update: Baekhyun to sing the Korean National Anthem as well at the MLB

Soloist Baekhyun Breaks His 1st-Week Sales Record In Just One Day With "Hello, World"

လတ်တလော entertainment သတင်းစာမျက်နှာတွေမှာ ရေပန်းစားနေတာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ idol တစ်ဦး Byun Baekhyun ၏ အောင်မြင်မှုများပင်ဖြစ်သည် ။ သတင်းမီဒီယာအစုံကို subscribe လုပ်ထားတဲ့ Chanyeol အတွက်တော့ ထို idol ၏ သတင်းကို နေ့စဉ်နီးပါး မြင်နေရတတ်၏။ အလှကုန်ပစ္စည်း ထုတ်လုပ်တဲ့ company CEO တစ်ယောက်အနေနဲ့ဆိုလျှင် ပိုလို့တောင် မစိမ်းသက်ပါ ။ ဒါကြောင့် ထို idol က အပြင်မှာ မရင်းနှီးရင်တောင် သူ့စိတ်ထဲတွင်တော့ တရင်းတနှီး ရှိလှ၏။

သို့သော် အခုအချိန်မှာတော့ Chanyeol တစ်ယောက် လက်ထဲက ဖိတ်စာလေးကို ပြန်ပြန်လှန်လှန် ကြည့်နေမိသည် ။ Billboard Korea ကနေ သူ့ဆီ လေးလေးစားစားနဲ့ ဖိတ်ကြားလာတာဖြစ်ပြီး Billboard K power 100 event ပွဲတစ်ခုပင် ။ ဒီလို ပွဲမျိုးတွေကို ဖိတ်ကြားခံရတာ မထူးဆန်းပေမယ့် ပွဲတက်ရောက်မယ့် အနုပညာရှင်နဲ့ စီးပွါးရေးနယ်ပယ်က လုပ်ငန်းရှင်တွေကြားထဲမှာ Baekhyun ( 백현 ) ဆိုတဲ့ နာမည်တစ်ခုက ထင်းနေ၏။ ကိုယ့်ကိုယ်ကိုယ် ထို idol ၏ fan တစ်ယောက်များ ဖြစ်နေပြီလားလို့တောင် သံသယဝင်မိလာသည် ။ သူ ဘာလို့များ အာရုံစိုက်မိနေတာလဲ ။

ထိုအချိန် တံခါးခေါက်သံ နှစ်ချက်နဲ့အတူ သူ၏ personal manager က ရုံးခန်းထဲဝင်လာသည် ။

" ပွဲတက်မယ့် အဝတ်အစား ၊ ဖိနပ်နဲ့ accessories တွေ အကုန် အသင့်ဖြစ်ပါပြီ CEO "

" အင်း.. မနက်ဖြန် ညနေနော် "

" ဟုတ်ပါတယ်ခင်ဗျ ... ကျွန်တော် ဘာများထပ်ပြီး စီစဉ်ပေးဖို့ လိုပါသေးလဲ CEO "

Manager အပြောကို တစ်ချက်အာရုံစူးစိုက်ပြီးမှ Chanyeol က ပြန်ဖြေလာ၏ ။

" လူတစ်ယောက်ရဲ့ attention ကို တန်းရစေတဲ့ look မျိုး ပြင်ပေးနိုင်မယ့် လူ "

" သိပါပြီ .. ကျွန်တော် စီစဉ်လိုက်ပါ့မယ် "

ဆိုကာ အရိုအသေပေးပြီး ထွက်သွား၏ ။ ပြောပြီးတော့မှ Chanyeol ကိုယ့်အပြောကို ကိုယ် စဉ်းစားမိကာ ဟက်ခနဲ အသံထွက်ရယ်မိသည် ။ သူ့အပေါ် စိတ်ဝင်စားနေတာလားလို့ ကိုယ်ကိုယ်တိုင် ပြန်မေးမိတော့လည်း လက်မခံချင်ဘဲ လက်ခံရတော့မည် ။ ၃၂ နှစ်ဆိုတဲ့အရွယ်က ဒီခံစားချက်ကို နားမလည်ရအောင် သူက ခပ်တုံးတုံး လူလည်း မဟုတ်ပါ ။

je t'aimeWhere stories live. Discover now