je t'aimePart-2
ကြော်ငြာရိုက်ကွင်းတစ်ခုတွင်ဖြစ်သည်။
ကင်မရာ setting ပြင်နေချိန်မို့ ရိုက်ကွင်းကို စောရောက်နေတဲ့ Baekhyun က သီးသန့်နားနေခန်းထဲမှာ ထိုင်ကာ ဇာတ်ညွှန်းဖတ်နေ၏။ တစ်ယောက်တည်းပဲ ရိုက်ကူးရမှာဖြစ်သော်လည်း ၊ ပြောရမယ့် dialogue က နည်းသော်လည်း Baekhyun ကတော့ အလုပ်ကို စေ့စပ်သေချာတဲ့သူပီပီ အာရုံစိုက်နေသည် ။ရိုက်ကွင်းက ခြံနဲ့ အိမ်ကြီး တွဲထားတဲ့ သီးသန့်ရိုက်ကွင်းနေရာတစ်ခုဖြစ်ပြီး ခြံထဲမှာရိုက်ကူးရမှာဖြစ်သည်။ သူ့အတွက် နားနေခန်းကတော့ အိမ်ကြီးထဲမှာဖြစ်ကာ ခြံထဲက ရိုက်ကွင်းနေရာကို မှန်ကတစ်ဆင့် လှမ်းမြင်နေရ၏။ သူ့ဘေးနားတွင်တော့ မန်နေဂျာရယ် hair stylist ရယ် make up artist ရယ် stylist တွေရယ်ကြောင့် လူ လေးငါးခြောက်ယောက်ရှိပေမယ့် အသံဆူညံနေသည်တော့ မဟုတ်ပါ ။
ဇာတ်ညွှန်းဖတ်လို့ ပြီးသွားတော့ ဆံပင် ပုံပြန်သွင်းပေးနေတာကြောင့် ဖုန်းသုံးနေလိုက်သည် ။ ထိုအချိန် ရိုက်ကွင်းထဲက လက်ထောက်ဒါရိုက်တာ နဲ့ ဘေးက လူတစ်ယောက်က ခြံအဝင်ဝသို့ ခပ်သုတ်သုတ် ပြေးသွား၏။ ကားတစ်စီးဝင်လာသည်ဖြစ်ကာ ထိုကားပေါ်က ဆင်းလာသူကတော့ နှစ်ယောက် မရှိတဲ့ CEO Park Chanyeol ပါပင်။ သူ့ cosmetic ပစ္စည်းရဲ့ ကြော်ငြာရိုက်ကွင်းမို့ သူလာတာ မထူးဆန်းပေမယ့် Baekhyun ကတော့ အနေရခက်သွား၏ ။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ရှေ့မှာ ဘယ်သူက အနေရမခက်ဘဲနေမှာလဲ ။
Chanyeol မှာလည်း ကားပေါ်က ဆင်းလာတာနှင့်
" Baekhyun nim ရောက်နေပြီလား "
" ဟုတ်ကဲ့ နားနေခန်းထဲမှာ ပြင်ဆင်နေပါပြီ CEO "
" ကောင်းပြီ "
ဆိုကာ ကားထဲက အထုပ်တစ်ထုပ်နဲ့ ရေငွေ့အနည်းငယ်သာ ပြန်နေသော ice coffee ခွက်ကို ယူကာ အိမ်ကြီးထဲသို့ ဝင်သွား၏ ။
Baekhyun အနားက ဝန်ထမ်းတွေကလည်း CEO Park ရောက်လာတာကြောင့် မသိမသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ polo shirt အဖြူကို style pant အမဲနဲ့ တွဲဝတ်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးရဲ့ အရှိန်အဝါက အခန်းထဲက မိန်းမပျိုလေးတွေအပေါ် သက်ရောက်မှု အားကြီးလွန်းသည်။
