Espresso ☕️ - 3

22 3 0
                                    


ဒီနေ့ traine ရှိလို့ နည်းပြ Ken က ညနေစောစောလာဖို့ မှာနေတယ်။ ခေါင်းထဲမှာတော့ မနေ့ညက ဖတ်ထားတဲ့ novel ကို စဉ်းစားနေတယ်။ ဘာလို့ ဇာတ်ကောင် မင်းသမီးက ဇာတ်ကောင် မင်းသားကို လမ်းခွဲသွားတာလဲ။

အကြောင်းပြချက်မပေးပဲ ပင်ပန်းလို့ဆိုတဲ့ စကားနဲ့ပဲ လမ်းခွဲသွားတာ။ မင်းသားကလဲ သူ ဘာမှ မပြောနိုင်ဘဲ လက်ခံလိုက်တယ်။ ဘယ်လိုကြီးလဲ Lisa နားမလည်နိုင်ဘူး လူတွေက ချစ်ခဲ့ပြီးမှ ဘာကြောင့် လမ်းခွဲကြတာလဲ။

Uni life မှာ အပျော်ဆုံးဆိုရင်တော့
ခုရောက်နေတဲ့ canteen ပဲဗျို့။ ဆိုင်ထိုင်းရင် ရှေ့က ရေကန်ကြီးရဲ့ view ကိုကြည့်ရတာ ရှယ်ပဲ။

"Lali နင် တွေးနေပြန်ပြီလား သူတို့ဟာ သူတို့ လမ်းခွဲတာ နင်ခေါင်းခြောက်ခံမနေပါနဲ့ဟယ် အတွဲတွေက ဒီလိုပဲ နောက်ပြီး သူတို့ပဲ မနေနိုင် ပြန်ဆက်ကြမှာ မသိတာကြလို့"

Chae မှ စားပွဲပေါ်ကို tissue လေးနဲ့ သုတ်နေ
ရင်း ပြောလေသည်။ Lisa တို့က ဆိုင်ထိုင်
တိုင်း စားပွဲထိုး ဗီဇလေးပါတော့ စားပွဲကို tissue နဲ့သုတ်ရတာနဲ့ စားပြီးရင် ပန်းကန်တွေ သပ်သပ်ရပ်ရပ် ထပ်ရတာနဲ့ ဟုတ်နေတာပဲ။

" chae ပြောမနေပါနဲ့ သူက အဲ့novel ကို ဖတ်နေတာလဲ သုံးခေါက်ထပ်မနည်းတော့ဘူး ပြန်ဖတ်တယ် ပြန်ဖတ်ပြီးတိုင်း အဲ့အခန်း
ရောက်ရင် မနေနိုင်မထိုင်နိုင် ခေါင်းခြောက်ခံပြီးတွေးတယ် နောက်ပြီးရင် ငါတို့ကို
မင်းသမီးကို မကျေနပ်ကြောင်းတွေ
ပေါက်ပေါက်လာဖောက်အုံးမယ်"

Seulgi မှ သူမှာထားတဲ့ smoothie ကို သောက်ရင်း မျက်လုံးက ဖုန်းကမခွါ ပြောလေသည်။ မတတ်နိုင်ပါ Lisa က ကိုယ့်ကြိုက်တဲ့ movie တွေ series တွေ ဆို တစ်ကြိမ်ထပ်
မနည်း ပြန်ကြည့်တတ်တယ်။

Harry Potter ဆို ဘယ်အပိုင်းက ဘာဆိုတာပါ အလွတ်ပြောနိုင်တဲ့ အထိပဲ။

"နင်တို့ကလဲဟယ် ငါပြောတာနားထောင် နင်ဆိုရင်ကော ချစ်ရဲ့သားနဲ့ လမ်းခွဲမှာလား ပင်ပန်းလို့ဆိုပြီ" 

Lisa ကတော့ လက်မခံနိုင်ပါ။
ချစ်လာပြီဆိုရင် အဆုံးထိ ဆက်သွားမှာ ဘယ်တော့မှ လက်မလျော့ဘူး။အဖေကလဲ အမေ့ကို လက်မလျော့လို့ ရခဲ့တာလေ။

Lisa အဖေပြောတာတော့ အမေ့ကို 5နှစ်ကြီးများတောင် လိုက်လိုက်ရတယ်။ အဖိုးတို့နဲ့လဲ ဖိုက်ခဲ့ရတယ်တဲ့။ ချစ်တတ်လွန်းတဲ့ အဖေ့ကြောင့် အမေက အမြဲပျော်နေရတယ်။
သီချင်းကြိုက်လွန်းတဲ့ အမေ့ကြောင့် အိမ်မှာ
အမြဲ သီချင်းသံစဉ်တွေဟာ ပျံ့လွှင့်နေမြဲ။

Lisa အမေ မီးဖိုချောင်ဝင်နေရင် အဖေက အမြဲ ဘေးကနေ ခြင်ရိုက်တုတ်လေး
တစ်ချောင်းနဲ့ အလုပ်ရှုပ်နေတုန်း။

မနက်လင်းတိုင်း အမေ့ဆံကေသာမှာ
အဖေခူးပေးထားတဲ့ နှင်းဆီပန်းလေးက
မွှေးပျံ့နေတုန်း။

Lisa ဖုန်းကိုလက်ကချကာ မေးလိုက်တော့ seulgi မှ ဖုန်းချပြီး အပြီအပြင် ဆွေးနွေးတော့မဲ့ပုံနဲ့

"Lali ဒီမှာ ပင်ပန်းလို့ကတော့ ဘာမဆို
လွှတ်ချမှာပဲ နင်မကြားဖူးဘူးလား
လေးနေမှန်း သိရက်နဲ့ ဆက်ကိုင်ထားရင် လူပဲ ပိုပန်းတယ်ဟ"

"အာ့တော့ ထောက်ခံတယ် seul ရေ ငါဆိုလဲ အချစ်မရှိပဲ နေနိုင်တယ် အစားမရှိရင်တော့ မနေနိုင်ဘူး"

Chae မှ French fried ကို ခက်ရင်းနဲ့ သွတ်နေရင်း ပြောလာတယ်။ နှစ်ယောက်သား
လက်ဝါးချင်းက ရိုက်လိုက်သေး။
ဒီနှစ်ယောက် သူတို့ ရည်းစားရမှ တွေ့မယ် စောင့်ကြည့်နေ။

Lisa ခေါင်းလေးခါပြီ မှာထားတဲ့ coffee ကို သောက်နေလိုက်တယ်။ Lisa ဆက်မဆွေးနွေးချင်တော့ပါ။ ဒီနှစ်ကောင်နဲ့ ဆက်ဆွေးနွေးနေရင် နောက်ပိုင်း တရားနာရတော့မယ့်ကိန်းရှိတယ်။

"နေအုံးဟ ငါတို့ကို နည်းပြ ညနေ ၄နာရီ ခေါ်ထားတယ်မလား ၃နာရီ ၅၀ တောင် ရှိနေပြီ လစ်စို့ "

Lisa နာရီကို ကောက်ခနဲ့ကြည့်ပြီး
ပြောလိုက်တယ် နောက်ကျနေပြီ ဟိုရောက်
ရင်တော့ သုံးယောက်လုံး ထိုင်ထ တစ်ရာ လုပ်ရတော့မယ်ထင် ရူးချင်တာပဲ။

"Lisa ရေ နင့်ကြောင့် အာ့ သောက်ချင်အုံးဟဲ့ coffee"

" chae နင်ကျတော့ မစားတာကျလို့ အစာတွေ ရှယ်သွတ်နေပြီး"

" ကဲ ရှေ့ကနှစ်ယောက် မြန်မြန်လစ်နော်
နောက်ကျတဲ့ ခြေထောက်သစ္စာဖောက်ပဲ ငါတော့ ထိုင်ထမလုပ်နိုင်တော့ဘူးဟေ့"

Seulgi မှ ရှေ့မှ လုံးနေအောင် ပြေးတော့သည်။ Seul က gp ထဲမှာ အပုဆုံး
ဆိုပေမဲ့ အပြေးအမြန်ဆုံး။

Lisa တို့ နှစ်ယောက်ကသာ ခြေတံရှည်ပေမဲ့ အပြေးမသန်ဘူး ဒါကြောင့်လဲ နည်းပြက Lisa တို့ကိုဆို များများပြေးခိုင်းတာ။

                                                           ☕️☕️☕️

17.9.2024
813 words

You've reached the end of published parts.

⏰ Last updated: Sep 17 ⏰

Add this story to your Library to get notified about new parts!

The world that I don't wanna leave Where stories live. Discover now