Synopsis

6 1 0
                                    

ယန်ကျဲ့ယွမ်ဆိုတာ အနိုင်ရဖို့ လောကကြီးကရှိသမျှ ကောင်းချီးတွေအပိုင်စားဖို့အတွက် ဖွားလာခဲ့တဲ့သူတစ်ယောက်လို့ပြောရင် လွန်ရာမကျ ။ မိဘနှစ်ပါးကိုကြည့်မလား ကမ္ဘာ့အချမ်းသာဆုံး forbesစာရင်းထဲမှာအမြဲရှိ၊ ပညာရေးကိုမေးချင်သေးလား နိုင်ငံရဲ့နံပါတ်တစ် တက္ကသိုလ်ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားကိုယ်စားပြု မိန့်ခွန်းထွက်ပြောပေးခဲ့ရတဲ့သူ၊ ပိုအရောင်ထွက်စေတာကတော့ လေးနှစ်ဆက်တိုက် ကျောင်းရဲ့မြက်ခင်းစိမ်းလေးအဖြစ် မဲအပြတ်သတ်နဲ့ တစ်ကျောင်းလုံးက ဝိုင်းမြှောက်စားကြတာပဲပေါ့။ လက်ရှိအခုအသက်၂၅မှာလည်း ယန်ကျဲ့ယွမ်က သူပိုင်တဲ့နည်းပညာcompanyရဲ့ ဂုဏ်အယူရဆုံး ဥက္ကဌတစ်ယောက်ပေါ့။

ဒါပေမဲ့ မိတ္ထူသွားကူးပြီး ပြန်မရောက်လာတဲ့ သူ့အတွင်းရေးမှူးကိုမစောင့်နိုင်လို့ ကိုယ်တိုင်ကော်ဖီသွားဝယ်ဖို့ လမ်းဖြတ်အကူး ကြားလိုက်ရတဲ့ခပ်တောင့်တောင့် စက်ရုပ်သံကြောင့် သူ့ရဲ့အပျော်ရွှင်ရဆုံးနေ့လေးက ဘဝရဲ့အဆိုးဆုံးနေ့အဖြစ်ပြောင်းလဲသွားမယ်လို့ သူမထင်ခဲ့မိတာတော့အမှန်...

အဲ့တာနဲ့ပဲ သူက ပျင်းစရာ‌ကောင်းတဲ့ လမ်းလယ်ခေါင်ကားတိုက်မှုကြီးနဲ့ သေဆုံးသွားခဲ့ရတယ်....

.....မသေသေးတာလည်းဖြစ်နိုင်တာကလွဲလို့ပေါ့။

မျက်လုံးဖွင့်လိုက်လို့ ဒရမ်မာဆက်တင်တွေထဲမှာပါနေကြ အိပ်ခန်းမျိုးကိုတွေ့လိုက်တာနဲ့တပြိုင်နက် ယန်ကျဲ့ယွမ်တွေးမိလိုက်တာကတော့ "ကော်ဖီလေးတစ်ခွက်အတွက်နဲ့ မတန်လိုက်တာကွာ" ဟူ၍သာ....

........................................................................

TN/

OC‌မရေးခင် လက်ရည်သွေးချင်လို့ ဘာသာပြန်ကနေ စလိုက်ပါတယ်။ ဖတ်ရင်းပြန်မှာမို့ updateကတော့ တအားကြာမှာတော့ မဟုတ်ပါဘူး~

ကိုယ်တိုင်လည်း commitment မွေးမြူနေတာမို့ပါ။ ဘာသာပြန်သူ၍ အာဘော်‌အများပြားပါတာမို့ ဖတ်ရတာထောက်တာမျိုး အချိတ်ဆက်လွတ်နေတာမျိုးရှိခဲ့ရင် ဝေဖန်အကြံပြုနိုင်ပါတယ်ရှင့်။

အေးချမ်း ပျော်ရွှင်ကြပါစေ 🤍

From CEO to concubine (ဘာသာပြန်)Where stories live. Discover now