CEOဘဝနဲ့သေဆုံး ကျွန်ဘဝနဲ့နိုးထ

8 2 0
                                    

"B" မြို့ရဲ့စီးပွားရေးအချက်ချာကျဆုံးနေရာမှာတော့ နေ့လည်စားချိန်နဲ့ကိုက်ညီစွာ လူများစွာနဲ့ အုံးအုံးထလျှက်။ ယန်ကျဲ့ယွမ်လည်း ယန်နည်းပညာလုပ်ငန်းစုပိုင် မိုးမျှော်တိုက်ကြီးရဲ့ ဆုံလည်တံခါးမှထွက်ခါ လူများစည်းကားနေတဲ့လမ်းဆုံဆီသို့ဦးတည်ထွက်လာခဲ့သည်။ သွားတဲ့လမ်းတစ်လျှောက်မှာလည်း ဝန်ထမ်းများရဲ့ "ကောင်းသောနေ့လည်ခင်းပါ ဥက္ကဌယန်" ဒါမှမဟုတ် "နေ့လည်စာကောင်းကောင်း သုံးဆောင်ပါ ဥက္ကဌယန်" စတဲ့ပျူငှာတဲ့ နှုတ်ဆက်ဆက်စကားများနဲ့ကြုံကြိုက်ခဲ့ရသေး၏။

ဥက္ကဌကြီးနော် ဥက္ကဌလေးမဟုတ်ဘူးတဲ့။ မေးစရာ၊သင်ယူစရာတွေပေါ်လာလို့ သူ့အဖေရဲ့ ရုံးချုပ်ကိုသွားတိုင်း သူ့အဖေရဲ့ လက်အောက်ငယ်သားတွေ စနေကြစကား။ယန်ကျဲ့ယွမ်က အသက်၂၅မှာတင် သူ့ရဲ့ ကိုယ်ိပိုင်စုဆောင်းငွေတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေအကုန်လုံးနဲ့ လူမျိုးစုံအဆင့်မြင့်အများပိုင် နည်းပညာcompanyထူထောင်ခဲ့တယ်လေ။သူ့မှာ နိုင်ငံရဲ့အချမ်းသာဆုံးစာရင်းဝင်မိဘတွေရှိသော်ငြား အသုံးဝင်တဲ့စာချုပ်တစ်ခု၊နှစ်ခုလောက်ကလွဲ မိဘအကူညီတွေကိုမှီခိုခဲ့တာလည်းမဟုတ်တော့ ဘယ်သူကများ သူအခုလက်ဝယ်ရရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို မေးခွန်းလာထုတ်ရဲမှာတဲ့လဲ။

သူများထက်နည်းနည်းရှေ့ရောက်နေတာကလွဲရင် ယန်ကျဲ့ယွမ်ရဲ့ အောင်မြင်မှုတွေက သေချာ‌ပေါက် သူ့ရဲ့ကြိုးစားအားထုတ်မှု ရလာဒ်တွေချည်းသာ။သူ့မှာ ယန်နည်းပညာလုပ်ငန်းစုကို ဒီဂရီပရိုဂရမ်တွေ၊သူ့အဖေရဲ့တင်းကျပ်တဲ့ internshipတွေကြား နေ့တွေညတွေမှားအောင် အောာက်‌ေခြကနေစတည်ဆောက်ခဲ့ရတာ။ဒါပေမဲ့လည်း ကြိုးစားရင် ရလာဒ်ကရှိမြဲဆိုတော့ ဂုဏ်ထူးဆောင်နဲ့ဘွဲ့ရကာ သူ့အဖေရဲ့ဂုဏ်ယူရတဲ့သားလေးဖြစ်ခဲ့တယ်‌ေလ။အခုဆိုသူ့အိမ်မက်ထဲက လုပ်ငန်းစုကိုပါတည်ထောင်နိုင်ခဲ့ပြီး ပန်းခင်းတဲ့လမ်းလေးလျှောက်ဖို့အသင့်ပဲ။

ပြောရရင် လုပ်ငန်းစုရဲ့တည်ထောင်သူ၊ခေါင်းဆောင်သူအနေနဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကို ယန်ကျဲ့ယွီပဲချလာတာဆိုပေမဲ့ ဒီနေ့ကတော့ သူ့ကိုယ်သူ ဥက္ကဌခေါင်းစဥ်နဲ့တရားဝင်မိတ်ဆက်ပြီး မိုးမျှော်တိုက်ရဲ့အပေါ်ဆုံးထပ် တစ်မြို့လုံးကိုမြင်နေရတဲ့မှန်ပြတင်းရှုခင်းပါ အသစ်စက်စက်ရုံးခန်းကို‌ရွှေ့မဲ့နေ့ပေါ့။သူ့မိဘတွေကလည်း ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြိုက် မော်ဒန်ဆန်ဆန်ပရိဘောဂတွေဝယ်ထည့်ပေးဖို့အသင့်။

You've reached the end of published parts.

⏰ Last updated: Sep 19 ⏰

Add this story to your Library to get notified about new parts!

From CEO to concubine (ဘာသာပြန်)Where stories live. Discover now