Diary 2 🍀

467 19 1
                                    

( 1 ) ဒီနေ့ ကိုကြီးတို့ဇာတ်သိမ်းကိုပြင်ရင်း
လက်က အရှိန်သတ်လို့မရတော့ဘူးဖြစ်သွားတယ်

ပုံမှန်ရေးနေကျ စာမျက်နှာ 90 ကျော်သွားတာမို့
တပိုင်းထဲပေါင်းတင်လို့မရတော့လို့ အပိုင်းခွဲလိုက်ရတယ်

Extra part ရယ်လို့ သပ်သပ်မထုတ်တော့ဘဲ
နောက်ထပ်သုံးပိုင်း ထပ် up လိုက်တော့မယ်

( 2 ) နွေထိပ်ထား, နေတော်ဝင်, နေရှိန်ဝါ, နွေကသဲနွယ်

နေနဲ့နွေတို့ရဲ့ကမ္ဘာကြီးက အရမ်းလှနေတော့မှာ

( 3 ) ဇာတ်သိမ်းသွားရင်တော့
pdf file လေး ထုတ်ပြီး 1000 ks နဲ့ ရောင်းဦးမယ်

အမှတ်တရ သိမ်းထားချင်သူတွေအတွက်လေ

( 4 ) ရောင်းလို့ရတဲ့ ပိုက်ဆံကို
ရေဘေးအတွက်လည်း လှူမယ်
ကျောင်းပြန်ဆောက်ဖို့အတွက်လည်း လှူချင်သေးတယ်

( 5 ) မုန့်ဝယ်ကျွေးချင်တဲ့ကလေးတွေလည်းရှိတယ်

( 6 ) မျက်လုံးခွဲရမယ့်အဖွားကိုလည်း လှူချင်သေးတယ်

( 7 ) လှူချင်တာတွေများပြီး ပိုက်ဆံက မရှိဘူးဖြစ်နေတယ်

( 8 ) paid group အသစ်ထွက်ဖို့ကလည်း မရှိသေးဘူး

( 9 ) ကိုကိုလူသစ်နေတို့ကို စိတ်ပြန်နှစ်ရဦးမယ်

ဒီအချိန်မှာ
paid group ကြီး တကားကားလည်း မလုပ်ချင်ဘူး

( 10 ) မရှိမဲ့ရှိမဲ့ paid လေး နှစ်ခုကို
လာဝယ်ကြရင်ကောင်းမှာဘဲ ဟီးဟီး

Zwel Haythar Maung 🍀Where stories live. Discover now