ကျွန်တော် နဲ့ သူ့ရဲ့ စတင်တွေ့ဆုံခြင်းက အသိမိတ်ဆွေတစ်ယောက်ရဲ့ နာရေးပွဲတစ်ခုမှာ ဖြစ်ခဲ့တယ်။
သိပ်ပြီးပုံသေကားကျမဖြစ်နေတဲ့ ဘဝအဖြစ်အပျက်တစ်ခုလိုပဲ။ မှတ်ဉာဏ်ထဲစွဲထင်ရဖို့ကို ထူးဆန်းသလို ခံစားမိစေတဲ့ တွေ့ဆုံမှုမျိုးပေါ့။
ဒါပေမဲ့ သူနဲ့ ကျွန်တော်က အဲ့ဒီနေ့မှာ တကယ်ပဲ စတွေ့ဆုံခဲ့ကြတယ်။
ကျွန်တော်မှတ်မိအနေဆုံးအရာက ရွှင်ရွှင်မြူးမြူးရယ်မောနေခဲ့တယ်လို့ မြင်ယောင်ရတဲ့ သူ့မျက်လုံးတွေပါပဲ။ မိန်းကလေးနှုတ်ခမ်းနီရောင် တောက်တောက်ဆိုးထားတဲ့ အဲ့ဒီအမျိုးသားငယ်ရဲ့နှုတ်ခမ်းတွေက ရှိရင်းစွဲထက်ပိုပြီး ဖူးမို့နေခဲ့သယောင်ပေါ်သလောက် သူက တင်းတင်းဖိစေ့ထားခဲ့ပေမဲ့ သူ့မျက်လုံးတွေက တကယ်ကို ရယ်မောနေခဲ့ပါတယ်။
ဧည့်သည်ခုံတန်းရဲ့ နောက်ဆုံးထောင့်မှာ ထိုင်နေခဲ့တဲ့သူက အနက်ရောင် ရှပ်ကော်လံလက်ရှည်ကို ခေါက်တင်ထားရင်း တိတ်တဆိတ်ပဲရှိနေခဲ့တာ။ နာရေးပွဲတစ်လျှောက်လုံးမှာ ဘယ်သူနဲ့မှ စကားပြောခဲ့တာမျိုးလည်းမရှိသလို သေဆုံးသူရဲ့ မိသားစုဝင်တွေကိုလည်း နှုတ်ဆက်မေးမြန်းတာမျိုးမရှိခဲ့ဘူး။ ပွဲလာတဲ့သူတစ်ချို့က သူ့ကိုတစ်ချက်တစ်လေ ထူးဆန်းသယောင်လှည့်ကြည့်ကြတာမျိုးရှိပေမဲ့ သူက မျက်ဝန်းတွေကို တစ်ချက်လောက်မှိတ်ခတ်လိုက်ရုံပါပဲ။ ဒီထက်ပိုပြီး အပင်ပန်းမခံခဲ့ဘူး။
သူမျက်လုံးတွေက "နမ်ဂျွန်ဝူး" လို့ ရေးထိုးထားတဲ့ နာမည်တိုင်ကိုပဲ စိုက်ကြည့်နေခဲ့တယ်။
သေဆုံးသူက ကျွန်တော့်ရဲ့ အသိမိတ်ဆွေထဲကတစ်ယောက်ပါပဲ။ လူတိုင်းနဲ့ ဆက်ဆံရေးကောင်းပြီး ရင်းနှီးစရာကောင်းခဲ့တဲ့သူမျိုးမလို့ သူ့ရဲ့ ရုတ်တရက်သေဆုံးမှုက အကုန်လုံးအတွက် မထင်မှတ်ထားတဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့တော့ သိပ်ပြီး ထူးထူးခြားခြား ခင်မင်နေခဲ့တာ မဟုတ်ပေမဲ့ လူကောင်းတစ်ယောက်အဖြစ်ရှိခဲ့တဲ့သူ့အတွက် ဝမ်းနည်းမိတာပါပဲ။
သူ့ရဲ့အမျိုးသမီးကတော့ စိတ်ထိခိုက်လွန်းတာကြောင့် ငိုပဲငိုကြွေးနေခဲ့တော့တာ။ (၃) နှစ်သာသာရှိသေးတဲ့ သူတို့အိမ်ထောင်ရေးက တိုတောင်းလွန်းခဲ့တာမလား။ သူ့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သနားဖို့အတော်ကောင်းတယ်။
YOU ARE READING
Red Tinted | blue hour trilogy: Limerence | 𝙊𝙣𝙚𝙨𝙝𝙤𝙩
Fanfictionကျွန်တော် နဲ့ သူ့ရဲ့ စတင်တွေ့ဆုံခြင်းက အသိမိတ်ဆွေတစ်ယောက်ရဲ့ နာရေးပွဲတစ်ခုမှာ ဖြစ်ခဲ့တယ်။ ကျွန်တော်မှတ်မိအနေဆုံးအရာက ရွှင်ရွှင်မြူးမြူး ရယ်မောနေခဲ့တယ်လို့ မြင်ယောင်ရတဲ့ သူ့မျက်လုံးတွေပါပဲ။