လူအများနှင့် ဆက်သွယ်ရာ၌ အခြေခံနည်းကောင်းများ
အခန်း ၁
ပျားရည်ကိုလိုသော် ပျားအုံကို မဖျက်နှင့်
၁၉၃၁ ခုနှစ် မေလ ၇ ရက်နေ့က နယူးယောက်မြို့တော်၌ ရှေးက တွေ့ကြုံ ခဲ့ရဖူးသော “လူဖမ်းပွဲ” တို့အနက် တုန်လှုပ်ချောက်ချားဖွယ်ရာ အကောင်းဆုံး ဖြစ်သော လူဖမ်းပွဲတစ်ခုကို နယူးယောက်မြို့သူမြို့သားတို့ တွေ့မြင်ကြရ လေသည်။ တနင်္ဂနွေအပတ်ပေါင်းများစွာ လိုက်လံရှာဖွေရပြီးနောက် ဆေးလိပ်နှင့် အရက်ကို မသောက်တတ်သော သေနတ် နှစ်လက်ကိုင် ကရိုလီ"" ခေါ် လူသတ် သမားကို အနောက်ဖျားရိပ်သာ** အရပ်ရှိ သူ၏ ရည်စားသည်အိမ်တွင် ပုလိပ်များ ဝိုင်းမိလေ၏။
သူပုန်းနေသော အပေါ်ဆုံးအထပ်ကို ပုလိပ်သား ၁၅ဝ နှင့် စုံထောက် တို့သည် ဝိုင်းထားပြီးလျှင် အမိုးမှ အပေါက်များဖောက်၍ မျက်ရည်ကျစေ တတ်သော ဓာတ်ငွေ့များသွင်းလျက် ပုလိပ်သတ်သမား လူဆိုးကြီး ကရိုလီကို လက်ရဖမ်းဆီးရန် ကြိုးစားကြလေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အိမ်များမှ စက်သေနတ်များဖြင့် ချိန်၍ နယူးယောက်မြို့၏ အလွန်သပ်ရပ်သော ထိုရပ်ကွက် တွင် တစ်နာရီကျော်ကျော်လောက် သေနတ်သံ တဒိန်းဒိန်းနှင့် ပစ်ခတ်လျက် ရှိကြ၏။ ခုထားသော ကုလားထိုင်တစ်လုံး၏ နောက်မှ ဝပ်၍ ကရိုလီသည် ပုလိပ်များကို မရပ်မနားဘဲ ပစ်ခတ်လျက်ရှိ၏။ ဤကဲ့သို့ ကရိုလီနှင့် ပုလိပ်တို့ အပြန်အလှန် ပစ်ခတ်နေသောပွဲကို လူတစ်သောင်းလောက်သည်
"" Two Gun Crowley Ja
**West End Avenueများစွာ စိတ်ဝင်စားစွာနှင့် စောင့်ကြည့်လျက်ရှိကြ၏။ နယူးယောက်မြို့၏ လမ်းပေါ်တွင် ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော “ပွဲ”မျိုးကို တစ်ခါဖူးမျှ ရှေးက မတွေ့ကြုံခဲ့ဖူးချေ။
ကရိုလီကို မိသောအခါ ပုလိပ်မင်းကြီး မူလရူနေ** ဆိုသူက ကရိုလီ သည် နယူးယောက်မြို့၏ လူဆိုးစာရင်းတွင် ကြောက်စရာ အကောင်းဆုံး လူဆိုးတစ်ယောက် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုလေသည်။ “ဒီအကောင်ဟာ ငှက်မွေးကလေးတစ်မွေးလောက်ကျတာနဲ့လဲ သတ်မှာပဲ”ဟု ပုလိပ်မင်းကြီးက ထပ်၍ ပြောသေး၏။
သို့ရာတွင် ကရိုလီသည် သူ့ ့ကိုယ်ကိုသူ ဘယ်လိုလူစားဟူ၍ ထင်ပါ သလဲ။ သူ ဘယ်လို ထင်သည်ကို ကျွန်ုပ် ပြောပြနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ အခန်းတွင်းသို့ ပုလိပ်များက သေနတ်နှင့် ပစ်ခတ်နေစဉ် “သက်ဆိုင်သူများသို့”ဟူ၍ ခေါင်းတပ်ပြီးလျှင် သူသည် စာတစ်စောင်ရေး၏။ စာရေးနေစဉ် သူ၏ သေနတ်ဒဏ်ရာများမှ စီးကျလာသော သွေးများသည် စာရေးစက္ကူပေါ်တွင် ကျသဖြင့် သွေးကွက်များပင် ထင်းလျက်ရှိလေသည်။ စာထဲတွင်
“ကျွန်ုပ်၏ အင်္ကျီအောက်တွင် နွမ်းနယ်သော နှလုံးသားတစ်ခုရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်လင့်ကစား ကြင်နာတတ်သည်ဖြစ်၍ မည်သူ့ကိုမျှ ဘေးမလုပ်လို” ဟူ၍ ရေးသားထား၏။
ဤသို့ မဖြစ်ပျက်မီကလေးတွင် ကရိုလီသည် လောင်း အိုင်လန် အရပ်၏ အနီးရှိ တောလမ်းကလေးတစ်လမ်းတွင် မိမိ၏ မော်တော်ကားကို ရပ်၍ ချစ်သူတစ်ဦးနှင့် ကျီစယ်နေစဉ် ပုလိပ်အရာရှိတစ်ဦးသည် ရုတ်တရက် ပေါ်လာပြီးလျှင် “ခင်ဗျား၏ မော်တော်ကားလိုင်စင်ကို ကြည့်ပါရစေ”ဟု တောင်းလေသည်။
""Mulrooney
**Long Island
YOU ARE READING
ဦးနု မိတ္တဗလဠိကာ
General Fictionတဖြေးတဖြေးတင်ပေးပါမယ် (စာအုပ်ထဲကပြန်ကူးရိုက်ထားတာမလို့မှားရင်ခွင့်လွတ်ပေးပါ ဖျတ်ခိုင်းရင်ပြန်ဖျတ်ပေးပါမယ်)