ကရိုလီသည် ဘာစကားကိုမျှ ပြန်မပြောဘဲ သေနတ်ကို ဆွဲထုတ်ပြီးလျှင် ပုလိပ်အရာရှိကို အချက်ပေါင်းများစွာ ပစ်ထည့်လိုက်၏။ ပုလိပ်အရာရှိသည် လဲကျသွားစဉ်တွင် ကရိုလီသည် မိမိ၏ ကားထဲမှ ခုန်ထွက်လာပြီးနောက် အရာရှိ၏ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီးလျှင် မလှုပ်နိုင်ဘဲ စန့်၍နေသော ပုလိပ်သား၏ ကိုယ်ထဲသို့ ကျည်ဆန်တစ်ဆန် ပစ်သွင်းလိုက်သေး၏။ ဤမျှရက်စက်စွာ သတ်လိုက်သော လူသတ်ကြီးက “ကျွန်ုပ်၏ အင်္ကျီအောက်တွင် နွမ်းနယ်နေသော နှလုံးသားတစ်ခု ရှိ၏။ ထိုနှလုံးသားသည် နွမ်းနယ်နေလင့် ကစား ကြင်နာတတ်သည် ဖြစ်၍ မည်သူ့ကိုမျှ ဘေးမလုပ်လို” ဟူသော စာမျိုးကို ရေးသေး၏။
ကရိုလီကို သေစားသေစေရန် စီရင်ချက်ချ၏။ အသတ်ခံရန် ဆင်းဆင်း**” ထောင်သို့ ရောက်သောအခါ “ကျွန်တော် ယခုလို အသတ်ခံရတာ လူများကို သတ်မိလို့ပါ”ဟု ကရိုလီက ပြောသလား၊ မပြောပါ။ “ကျွန်တော့်အသက်ကို ကျွန်တော် ကာကွယ်မိလို့ ဒီလိုအသတ်ခံရတာ”ဟူ၍သာ ကရိုလီက ပြောလေ သည်။
(ယခု အဖြစ်အပျက်ကလေး၏ လိုရင်းအဓိပ္ပာယ်မှာ ဘာပဲဖြစ်ဖြစ် ကရိုလီသည် မိမိကိုယ်ကို မိမိ အပြစ်မတင်ခြင်းပင် ဖြစ်လေသည်။)
လူဆိုးများထဲတွင် ကရိုလီတစ်ဦးတည်းသာ ထူးထူးကဲကဲ ဤကဲ့သို့ စိတ်ထားသည်ဟု သင် ယူဆခဲ့ပါလျှင် နောက်လူဆိုးကြီးတစ်ဦး၏အကြောင်းကို နားထောင်ဦးလော့။
“လူများအား ပျော်ရွှင်မှုများကို ခံစားစေခြင်း၊ သူတို့အား သက်သာ ချောင်ချိစွာ နေနိုင်စေရန် ကူညီခဲ့ခြင်းတို့ဖြင့် ကျွန်ုပ်၏ အလွန် အဖိုးတန်ဆုံး သော အချိန်များကို ကုန်လွန်စေခဲ့၏။ ထိုသို့လုပ်၍ရသောဆုမှာ လူတို့၏ မုန်းတီးခြင်းနှင့် လူတွေ့မခံနိုင်သောဘဝဆိုးတို့ပင်ဖြစ်လေသည်”ဟု အယ် ကပုန်း** က ပြောပြဖူး၏။ ထို အယ် ကပုန်းသည်လည်း ရှီကာဂိုမြို့တွင်ရှိရှိသမျှသော လူဆိုးများထဲတွင် အယုတ်မာဆုံးသော လူဆိုးဗိုလ်ကြီးဖြစ်၍ အမေရိကန်ပြည် တစ်ပြည်လုံး၏ ရန်သူ အမှတ် တစ် ဖြစ်လေသည်။ အယ် ကပုန်းသည်လည်း သူ့ကိုယ်သူ အပြစ်မတင်၊ အထင်မှားသာ ခံခဲ့ရ၍ ကျေးဇူးအတင်မခံရသော ပြည်သူ ပြည်သားတို့၏ ကျေးဇူးရှင်တစ်ဦးဖြစ်သည်ဟု သူ့ ့ကိုယ်ကို သူ ယုံကြည်စွဲလမ်းလျက်ရှိ၏။
နယူးယောက်မြို့၏ အလွန်ဆိုးသွမ်းသော ဒပ်ချ်လူမျိုး ရှပ်ဇ်**” ဆိုသူ လူဆိုးကြီးတစ်ဦးအား အခြားလူဆိုးများက သေနတ်ဖြင့် ဝိုင်း၍ ပစ်ပြီးသည့် နောက် သတင်းထောက်တစ်ဦးက သွားရောက်မေးမြန်းရာ သူသည် လူများ၏
**Sing Sing
**Al Capone
**Dutch Schultz
YOU ARE READING
ဦးနု မိတ္တဗလဠိကာ
Ficción Generalတဖြေးတဖြေးတင်ပေးပါမယ် (စာအုပ်ထဲကပြန်ကူးရိုက်ထားတာမလို့မှားရင်ခွင့်လွတ်ပေးပါ ဖျတ်ခိုင်းရင်ပြန်ဖျတ်ပေးပါမယ်)