ကြိုးစားရမည့်အရာများ

7 0 0
                                    

ဘဝမှာလဲ မရှုံနိမ့်ချင်ဘူး။
သံသရာမှာလည်း မရှုံးနိမ့်ချင်ဘူး။
အောက်ကျနောက်ကျဘဝကို ထပ်ပီးမရချင်တော့ဘူး။
ဒီဘဝမှာ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ဘဝကိုအဆင့်မြင့်သွားမယ်။
စရိုက်ဆန်မှုတွေ နည်းပါးသထက်နည်းပါးလာအောင် တတ်နိုင်သမျှ ညဏ်ရှိသလောက်၊သတိရှိသလောက် ကြိုးစားသွားမယ်။
ဒေါသထွက်လွယ်တဲ့၊စကာလုံးကြမ်းကြမ်း တမ်းတမ်းရင့်ရင့်သီးသီးတွေ ပြောတတ်သူပေမယ့်
တတ်နိုင်သမျှ ဒေါသနည်းအောင် ကြိုးစားမယ်။
စကားကို ချိုချိုသာသာယဉ်ယဉ်ကျေးကျေး ပြောတတ်ဖို့ကြိုးစားမယ်။
တစ်ပါးသူရဲ့အောင်မြင်မှု၊ပျော်ရွှင်မှု၊အဆင်ပြေမှု၊ မုဒိတာပွားနိုင်ဖို့လည်း ကြိုးစားရမယ်။

မနာလိုမှုကင်းအောင်လည်း ကြိုးစားရမယ်။
ပတ်ဝန်းကျင်အတွက် စိတ်ဒုက္ခမပေးတဲ့ လူတစ်ယောက်ဖြစ်အောင်လည်း အများကြီးကြိုးစားရမယ်။
ပတ်ဝန်းကျင်အတွက် လူ့ယဉ်ကျေးတစ်ယောက်၊ကိုယ်ချင်းစာတရားနဲ့ပြည့်တဲ့လူတစ်ယောက်၊
ပတ်ဝန်းကျင်ရဲ့ အမှိုက်တစ်စ၊တိရိစ္ဆာန် တစ်ကောင်မဖြစ်အောင် အများကြီးကြိုးစားရအုံးမယ်။




Default Title -ရေးချင်တာရေးWhere stories live. Discover now