🤎

60 10 0
                                    

Jeno နဲ့ Jaemin တို့နှစ်ဦးသည် တက္ကသိုလ်ကျောင်းသားဘ၀၏ချစ်စရာကောင်းသောစုံတွဲဆက်ဆံရေးရှိခဲ့ကြပြီး Jeno တစ်ယောက်ရုတ်တရက်မိသားစုစီးပွားရေးအတွက် Jaeminနှင့် လမ်းခွဲလိုက်ရပြီး Jaemin ကတော့ ပညာဆက်လက်သင်ယူနေဆဲပင်ဖြစ်သည်။

၃ နှစ်အကြာတွင် မြို့၏အချမ်းသာဆုံးနှင့် သြဇာအာဏာအရှိဆုံးသူအဖြစ်ပြန်လည်ထွက်ပေါ်လာခဲ့သော Jeno သည် သူ၏ရည်းစားဟောင်းဖြစ်သည့် Jaemin ကိုသုံးနှစ်သားအရွယ် ကလေးတစ်ဦးနှင့် တက္ကသိုလ်နားက ကားလမ်းပေါ်တွင်အမှတ်မထင်တွေ့ရှိခဲ့သည်။
                      
Jaemin တစ်ယောက် ဆောင်းဦးလေပြည်ညင်းတိုးဝှေ့တိုက်ခတ်လာသည့်တိတ်ဆိတ် ငြိမ်သက်နေသော တက္ကသိုလ်ကျောင်းလျှောက်လမ်းအတိုင်း လမ်းလျှောက်လာရင်းအဝေးက ရင်းနှိီးသက်၀င်သောပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ Jaeminစိတ်ထဲတွင် အတွေးလေပွေများပြင်းထန်လာပြီး သူနှင့်နောက်ဆုံးအတူရှိခဲ့သည့်အချိန်ကာလမှတ်ဥာဏ်များဆီသို့စိတ်ကူးနှင့်တဒင်္ဂပြေးလွှားသွားမိခဲ့သေးသည်။

သူသည် အရင်င်ကလိုပဲ အရပ်ရှည်ရှည်  နှင့် ကျယ်ဝန်းပြီးဆွဲဆောင်မှုရှိသော ပခုံးများရှိပြီး လက်ခုံပေါ်ကထင်းနေသောသွေးကြောစိမ်းများက ရင်းနှီးကျွမ်း၀င်ပြီးသားပင်။ သူ၏ ခြေလှမ်းများ နီးကပ်လာသည်နှင့်အမျှ Jaemin ၏နှလုံးသားမှနှလုံးခုန်သံများစည်းချက်မြန်လှုပ်ရှားသွားသည်။

"Lee Jeno"

လွန်ခဲ့သောသုံးနှစ်က ကမ္ဘာကြီးတစ်ခုလုံးကိုပင်မေ့လောက်အောင် နှလုံးသားတစ်ခုလုံးပုံအောပြီးချစ်ခဲ့ရသော သူ၏ရည်းစားဟောင်းပင်ဖြစ်သည်။

သူတို့နှစ်ယောက်ကြားကချစ်ခြင်းမေတ္တာအမှတ်ရစရာတွေက မှတ်ဥာဏ်ထဲတွင် ကြက်သွေးရောင် အရွက်တွေလိုကွက်ကွက်ကွင်းကွင်း ခြယ်မှုန်းထားသည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ တက္ကသိုလ်ကျောင်းသားဘဝရဲ့လျှို့ဝှက်ဥယျာဉ်လေးတစ်ခုသဖွယ် ဖြစ်ခဲ့သည်။ သို့သော် ရာသီကိုလိုက်ပြီးပြောင်းလဲသောသစ်ပင်တွေသကဲ့သို့ပင် အရာအားလုံး ရုတ်ခြည်းပြောင်းလဲသွားကာ တစ်ချိန်သိရှိခဲ့သော အရိုးအကိုင်းအခက်များနှင့်မှတ်ဥာဏ်ထဲကဥယျာဥ်နေရာလေးသာ ကျန်ရစ်ခဲ့သည်။

JWhere stories live. Discover now