🤎

25 6 0
                                    

Jaemin ၏ မျက်၀န်းများတွင် မျက်ရည်များ ပြည့်နေသည်။

"ဘာကိုပြောချင်တာလဲ?"

Jeno က သူ့အတွေးတွေကို စုစည်းဖို့ အချိန်ယူလိုက်ပြီး

"ငါထပ်ကြိုးစားချင်သေးတယ်" ဟု ပြောသော Jeno၏အသံမှာတည်ငြိမ်လွန်းလှသည်။

"ငါတို့ မိသားစု အဖြစ်နေချင်တယ်။ လွယ်မှာ မဟုတ်ဘူး ဆိုတာ ငါသိပါတယ် ဒါပေမယ့်ငါမင်းဆီကရုန်းမထွက်နိုင်သေးဘူး"

Jenoတောင်းဆိုမှု၏နောက်ဆက်တွဲတိတ်ဆိတ်မှုသည် ကြောက်ရွံ့မှုမျှော်လင့်ချက်များဖြင့်သာ ပြည့်နှက်နေသည်။ ဒီစကားကသူတို့နှစ်ယောက်တည်းအတွက်မဟုတ်မှန်းJaeminသ်ိသည်။ ထည့်စဉ်းစားစရာ ကလေးတစ်ယောက် (သူတို့ရဲ့အချစ်ကနေ မွေးဖွားလာပြီး Jenoမပါဘဲ ကြီးပြင်းလာတဲ့ ဘဝတစ်ခု)

စားသောက်ရန်မှာကြားပြီးနောက် စကားဝိုင်းသည် အလိုလို ငြိမ်သွားကာ နှစ်ယောက်စလုံးသည် ၎င်းတို့၏ ဆက်ဆံရေးသစ်ကို ရှာဖွေရန်ကြိုးစားနေကြသည်။ အဖြေပြန်မရသော မေးခွန်းများ စိတ်ခံစားမှုများနှင့်အတူ လေထုသည် အေးစက်နေသည်။သိူ့သော် နှစ်ယောက်လုံး၏စိတ်ထဲတွင်မျှော်လင့်ချက်မီးပွားတစ်ခုစီ သူတို့အရင်ကမျှဝေခဲ့ဖူးတဲ့အရာတွေကိုပြန်ရနိုင်မယ့် အခွင့်အရေးဖြစ်နိုင်ခြေတွေရှိမှန်းသိနေသည်။

စားသောက်ပြီးသည်နှင့် Jaesung အကြောင်းပြောကြစဉ်၊ သူ့အကြိုက်ရောသူမကြိုက်တာတွေအပါ သူ့ရဲ့ပထမဆုံးစကား သူ့အကြိုက်ဆုံးအရုပ်အကြောင်း ပြောဖြစ်ကြလေသည်။ စကားပြောဆိုနေရင်းတစ်ယောက်နဲ့တစ်ယောက် ပြန်ရင်းနှီးလာသလိုခံစားချက်၊ ဒီတစ်ခါမှာတော့လောင်းကြေးပိုများနိုင်သလိုပင်။

စားသောက်ပြီးသည်နှင့်အေးမြသောညနေခင်းသို့ လမအတူလျှောက်သွားကြစဥ်Jenoထံမှညင်သာစွာဖြင့်

“ကိုယ်တို့ ဖြည်းဖြည်းချင်းသွားကြစို့ ဒါပေမယ့် ဒါကို လက်မလွှတ်ရအောင်"ဟုပြောရင်းJaeminလက်ကိုဆုပ်ကိုင်လိုက်သည်။

Jaemin မသိစိတ်မှခေါင်းညိတ်လိုက်မိပြီးJeno၏ လက်ဖ၀ါးများထံမှနွေးထွေးမှုကို ခံစားလိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Sep 22 ⏰

Add this story to your Library to get notified about new parts!

JWhere stories live. Discover now