I am writing this from my own imagination, so please do not copy or repost it!
Coffee or he
8am
ပုံမှန်ဒီအချိန်ဆိုဆောင်းဟွန်းတစ်ယောက်ရုံးသွားဖို့အဆင်သင့်ဖြစ်နေကြဒီတစ်ခေါက်weekend ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာသူငယ်ချင်းတွေနဲ့သောက်မိလိုက်တာတောင်နောင်တရချင်သလိုလိုခေါင်းကမူးနောက်ပြီးထတောင်မထချင် ဟာာမထလို့ကလည်းမဖြစ်တော်ကြာမန်နေဂျာလူပုစိတ်တိုနဲ့တွေ့ရင်overtime ဆင်းခိုင်းနေမှ မဖြစ်ဘူးမဖြစ်ဘူးမြန်မြန်ပြင်ဆင်ရမယ် Ahhh I hate Monday!8:20 am
အကုန်ပြင်ဆင်ပြီးလို့ကားဂိတ်ရောက်မှသတိရတာသူဘာမှမစားခါရသေးတော်သေးတာကcompany နားမှာဆိုင်တော်တော်များများရှိလို့သူမေ့ပုံမျိုးနဲ့ဆိုအစာအိမ်တောင်ဖြစ်နိုင်နေပြီ သူစောင့်နေတုန်းBusလာတာနဲ့တက်လိုက်တော့တနင်္လာနေ့ဆိုတဲ့အတိုင်းကားထဲမှာလူကတော်တော်များနေရောဒီနေ့လည်းထိုင်စရာရမယ်မထင် မဟုတ်သူကားပေါ်ရောက်ရင်မထိုင်တာများသည် ၃မှတ်တိုင်လောက်နဲ့တင်သူထိုင်မစီးချင် စောစောစီးစီးအတွဲတွေများကားပေါ်မရှောင်ဘာမရှောင်လွန်ကိုလွန်လွန်းပါတယ်သူတို့ရှိနေတာpublic ဆိုတာရောသတိရရဲ့လားမသိ
ဆောင်းဟွန်းသူဆင်းမဲ့မှတ်တိုင်ရောက်တော့အချိန်က
8:30 am
ဆောင်းဟွန်းမနက်စာစားဖို့ကားဂိတ်ကနေဘယ်ညာကြည့်လိုက်တော့café ဆိုင်လေးကြည့်ရတာဆိုင်အသစ်နေမယ် "Dreamy Drip" တဲ့နမည်ကထူး"ဆန်း"ပဲဘာလို့မှန်းမသိဆောင်းဟွန်းခြေလှမ်းတွေအဲ့ဆိုင်လေးကိုဦးတည်နေမိတယ် အပြင်ကကြည့်ရင်တောင်ဆိုင်အပြင်အဆင်လေးကချစ်စရာ မိုးပြာရောင်နု"လေးမျက်စိအေးစရာလေးဆောင်းဟွန်းဘာဘာညာညာမစဉ်းစားနေတော့ပဲဆိုင်းလေးထဲဝင်သွားလိုက်တယ် အို....ဆိုင်အတွင်းထဲလည်းအပြင်ကလိုမိုးပြာရောင်အနုလေးပဲသုတ်ထားတာနံရံမှာတိမ်ပုံလေးတွေနဲ့ချစ်စရာလေး
"ကြိုဆိုပါတယ်ခင်ဗျာ" အသံချို"လေးကြောင့်ကြည့်မိတော့cashier ကလာတာဖြစ်သည်အပြုံးချို"နဲ့နှုတ်ဆက်လေးတဲ့ကောင်လေးတစ်ယောက်ကြည့်ရတာဆောင်းဟွန်းထပ်ငယ်ပုံရသည်
"မင်္ဂလာပါလူကြီးမင်းဘာများသုံးဆောင်ပါမလဲခင်ဗျ"
"ကိုယ့်ကိုAmericano တစ်ခွက်နဲ့cheese cake ပေးပါ"
"ဝမ် 11000ကျပါတယ်ခင်ဗျ ဒါပေမဲ့လူကြီးမင်းပေးဆောင်ဖို့မလိုပါဘူးခင်ဗျ"
"ဟမ် ဘာလို့လဲ"
"ဒီနေ့ကကျွန်တော်တို့Dreamy Drip Caféရဲ့ဆိုင်ဖွင့်ပွဲနေ့လေးမို့လို့ဒီနေ့လာရောက်သုံးဆောင်တဲ့customerတွေအတွက်free ပါခင်ဗျ"
"အာ ဟုတ်ကဲ့ကျေးဇူးပါ"
"ထိုင်စားမှာလား ပါဆယ်ထုတ်ပေးလိုက်ရမလားခင်ဗျ"
ဆောင်းဟွန်းအချိန်ကြည့်မိတော့8:40am သူသာထိုင်စားရင်ရုံးချိန်နောက်ကျနိုင်သည်
"ပါဆယ်ပဲထုတ်ပေးပါဗျ"
"ဟုတ်ကဲ့ ဒီမှာပါဗျဝယ်ယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ထိုအပြုံးချို"လေးနဲ့ Cashierလေးကိုပြန်ပြုံးပြပြီးဆောင်းဟွန်းသူ့company ကိုထွက်လာခဲ့သည်
YOU ARE READING
Coffee or HE
FanfictionI went to that cafe every day because I was more addicted to coffee or because of him