seven

122 23 14
                                    


"ဒီပုံစံအတိုင်း အဆင်မပြေဘူးဆိုတာ ဘာမှ မဘာရလို့ အဆင်မပြေဘူး ပြောလိုက်တာပါ။ သူ ရိပ်မိသွားပြီလားမသိဘူး။ တကယ်ကြီး မခေါ်တော့ပဲ ပိုတောင်ရှောင်သွားတယ်။"

ကိုယ့်အခန်းထဲမှာကိုယ်နေပြီး ထိုင်မရ ထမရဖြစ်နေသည့် မင်းဂယူမှာ မြောင်ဟို အိမ်မှာမရှိသည်နှင့် စိတ်တိုင်းကျ ပွစိပွစိလုပ်ပြီး တစ်ယောက်တည်း မှန်ကြည့်ရင်း စကားပြောနေရသည်။

အိမ်တံခါးဖွင့်မှ ကြားတော့တာ မဟုတ်ဘူး။ ကား garage တံခါးဖွင့်သံကြားတာနဲ့ အိမ်ခန်းရှေ့သို့ ပြေးသွားပြီး မြောင်ဟို့ကို အမိဖမ်းရန်ငှါ စောင့်မိ၏။

" ဘာလုပ်နေတာတုန်း မင်းဂယူ"

တံခါးဖွင့်ဖွင့်ချင်း မင်းဂယူကို တွေ့လိုက်သည့် မြောင်ဟို့ မျက်လုံးတွေသည် ဝိုင်းခနဲ။

" မင်းကို စောင့်နေတာ"

" ဘာလို့ စောင့်နေတာလဲ။ အိပ်တာ မဟုတ်ဘူး"

" မတွေ့ဖြစ်သလို ဖြစ်နေလို့"

ဘယ်တွေ့ဖြစ်ပါ့မလဲ။ မင်းက ရှောင်နေတာကို ဆောမြောင်ဟိုရယ်။ အရိပ်အကဲ နားမလည်ချင်ယောင်ဆောင်ရသည့် မင်းဂယူမှာ ဘယ်ကနေ ဘယ်လိုစပြီး ဖွင့်ပြောရမယ်မှန်းတောင် မသိတော့ဘူး။

" နောက်လ ဂျာမဏီမှာ လုပ်မယ့်ပွဲအတွက် အလုပ်များနေလို့။ ငါ မတော်ရင် ခရီးလည်း ကြိုသွားနိုင်ရတယ်။ အမှားအယွင်း ဖြစ်လို့မရဘူးလေ..ဒီပွဲက နိုင်ငံတကာ စျေးကွက်အပေါ် အများကြီးသက်ရောက်မှာ"

တကယ်ပဲ အဲ့လောက် အလုပ်များနေလို့လား။ မင်းဂယူလည်း အလုပ်များပါရက်နဲ့ ဆောမြောင်ဟိုကို အိမ်ပြန်စောင့်တဲ့လူပါ။

တစ်ခုတော့ ရှိတာပေါ့လေ။ မင်းဂယူက စာရင်းဇယားနဲ့ ကိုင်တွယ်ရတဲ့ နယ်ပယ်ကလူဆိုတော့ အလုပ်ကို အိမ်သယ်လာဖို့ကလွယ်တယ်။ မြောင်ဟိုက ကိုယ်တိုင် ရှေ့ထွက်စစ်ဆေးမှ ဖြစ်မယ့်လူမျိုးဆိုတော့..။

တစ်လတစ်လ အိမ်မှာ သေချာမဆုံရပဲ ပြန်ဖြစ်နေတာ ကြာပြီ။

" တကယ်တော့လေ.. မင်းနဲ့ tiramisu cake သွားစားချင်လို့။ နှစ်လမ်းအကျော်လောက်မှာ ညနက်ထိဖွင့်တဲ့ အချိုပွဲဆိုင် အသစ်ဖွင့်ထားတာ"

marriage by chance, love by choice [gyuhao]Where stories live. Discover now