Part 44

2.2K 99 20
                                    


''ကလင်......ကလင်...ကလင်''

နှိုးစက်ပေးတဲ့ နာရီက အသံမြည်လာတော့ မောင်လဲ နှိုးစက်ကိုပိတ်ပြီး အိပ်ရာထလိုက်တော့သည်။ ယိမ်းကိုကြည့်လိုက်တော့ ယိမ်းက အစောကြီးနိုးတယ်ထင်တယ် ကုတင်ပေါ်မှာ ယိမ်းက ရှိမနေတော့ချေ။
မောင်လဲ အိပ်ရာသိမ်း မျက်နှာသစ်ပြီး ထမင်းစားခန်းထဲကို လာခဲ့လိုက်သည်။

''နိုးပြီလား မောင်''

''ဟုတ်''

သမီးလေးက မောင့်ကိုမြင်တာနဲ့ မောင့်ကို နှုတ်ဆိတ်တော့သည်။

''မောနီး ဂိုဂို''

''မောနီးပါ ရဝီးလေး''

''အစောရီးနိုးနေကြတာလား မဝါလင်း''

''အွန်း ညက Alarm ကို မှားပေးမိသွားလို့''

''ဟားးဟားး''

ဒီနေ့ ထမင်းစားခန်းက ခါတိုင်းနေ့နဲ့မတူဘဲ တိတ်ဆိတ်နေတော့သည်။

ထမင်းစားပြီးတာနဲ့ မောင်တို့လဲ ပစ္စည်းတွေယူပြီး အိမ်အောက်ကို ဆင်းလာခဲ့သည်။

ကားထဲကို ပစ္စည်းတွေထည့်ပြီး တာနဲ့ မေမေနဲ့ဖွားဖွားကို နှုတ်ဆက်နေကြတဲ့ ယိမ်းနဲ့သမီးလေး စီကို မောင်လျှောက်လာလိုက်တယ်

''ဖွား​မြေးလေး ကြိုက်တဲ့ ကောက်ညှင်းပေါင်း တွေ ဖွားဖွားများရီး ထည့်ပေးလိုက်တယ်နော်''

မေမေနဲ့ဖွားဖွားက ရဝီလေးကို ဘယ်လောက်ထိချစ်ကြမှန်းမောင်သိပါတယ် အခုလိုသွားရတော့မယ်ဆိုတော့ မေမေလဲ မခွဲချင်သလို ယိမ်းနဲ့သမီးလေးလဲ မပြန်ချင်ကြဘူးဆိုတာ မောင်သိပါတယ်

''ဖွားဖွားတို့နဲ့ နေခဲ့မယ်''

သမီးလေးက ယိမ်းကို ငိုပြီးပြောတော့ ယိမ်းလဲစိတ်မကောင်းဖြစ်ရပါတယ်

''မေမေတို့ နောက်တစ်ခေါက်လာလည်မယ်လေ သမီးလေးရဲ့၊ မငိုရဘူးနော်''

''ဟုတ်တာဘဲ ရဝီလေးရဲ့၊ မငိုနဲ့နော် ဖွားဖွားတို့စီ အချိန်မရွေးလာလည်နော် ၊နောက်တစ်ခါလာလည်ရင် ဖွားဖွား ကောက်ညှင်းပေါင်းတွေ အများကြီးလုပ်ကျွေးမယ်နော် မငိုနဲ့တော့နော် ရဝီလေး''

တီချယ် ယိမ်း (သို့) မောင့်ရဲ့ ယိမ်းWhere stories live. Discover now