"မင်း အလုပ်ကို အာရုံစိုက်ထားလို့ရမလား Intern!"
"ဗျာ ကျွန်တော့်ကိုပြောတာလား"
"ဒီနေရာမှာ မင်းနဲ့ငါပဲ ရှိတာ။ မင်းကို မပြောလို့ဘယ်သူ့ကိုသွားပြောရမှာလဲ"
ဘိုကင်ချိတ်မှသာ ဝင်ခွင့်ရသော အခန်းကျယ်ကြီးထဲ တကယ်လည်း သူနဲ့ ရစ်ခီရှန်ဆိုတဲ့လူ နှစ်ယောက်တည်းသာရှိနေတာမို့ စောဒကတက်ချင်တဲ့စိတ်လေးကို ယူဂျင်း မနည်းမြိုသိပ်ထားလိုက်ရတယ်။
နှစ်ယောက်တည်းဆိုမှ တစ်ဖက်ကုမ္ပဏီက ဥက္ကဋ္ဌကိုသွားကြိုမယ်ဆိုပြီးထွက်သွားတဲ့ ဟိုစီနီယာ ပြန်မလာတာ နာရီဝက်လောက်ပင် ရှိတော့မည်။
"စီနီယာဆောဂျွန်း လမ်းမှာတစ်ခုခုဖြစ်နေတာလားမသိနော် ကျွန်တော် လိုက်သွားပြီးကြည့်လိုက်ရမလား"
"ဘယ်ကိုလိုက်သွားရမှာမှန်းသိလို့လား"
ပုံမှန်သူဌေးတွေလိုမဟုတ်ဘဲ အကင်္ျီဂျာကင်နဲ့ ရွှေရောင်ကိုင်းကွပ်ထားတဲ့မျက်မှန်ကိုတပ်ထားပြီး ထိုမျက်မှန်ကို ဆွဲချွတ်ကာ လူ့ဂွစာအယ်လ်ဖာက သူ့ကို မေးခွန်းထုတ်လာတဲ့အခါ ဟန်ယူဂျင်းတို့ ပြန်မဖြေနိုင်ဘဲ ခွေးအကြီး လှည်းနင်းသလို တအင်းအင်းတအဲအဲဖြစ်သွားရတယ်။
"အဲ...မသိပါဘူး"
"မသိရင် ငြိမ်ငြိမ်နေ"
သူ့ကို ဟောက်စားလုပ်သော လေသံက အမာသားနှင့်။ ရစ်ခီရှန်သည် ကြားထားတဲ့အချိန် သိပ်ကိုဘုကလန့်ဆန်တတ်ရန်ကော။
သူတို့စကားဝိုင်းလေးခဏရပ်သွားချိန်မှာ အခန်းကျယ်ကြီးရဲ့တံခါးကိုဆွဲဖွင့်သံနဲ့အတူ စီနီယာဆောဂျွန်းရဲ့ "ဒီဘက်ကိုကြွပါ"ဆိုတဲ့အသံက အစားထိုးဝင်ရောက်လာတယ်။
စီနီယာ့ရဲ့နောက်မှာတော့ သူနဲ့အရမ်းကိုအကျွမ်းတဝင်ရှိနေတဲ့လူတစ်ယောက် အခန်းထဲကိုဝင်လာနေခြင်းအား တွေ့ရပြီး မျက်လုံးတွေပြူးတတ်သွားရတာက သူကိုယ်တိုင်။
အဲ့အရမ်းရင်းနှီးတဲ့လူဟာ တခြား ဘယ်သူမှမဟုတ်ဘဲ သူ့အဖေကြီးဖြစ်နေခဲ့တာကိုတော့ ဟန်ယူဂျင်း ဘယ်တော့မှထုတ်ပြောချင်မှာမဟုတ်ပါ။ သူ့နည်းတူ ဖေဖေဟာလည်း မျက်ခုံးပင့်တက်သွားခဲ့ပေမယ့် ထိုသဘာရင့်ဝါရင့် ဟန်မျိုးနွယ်ကြီးက အမူအရာပျက်သွားတာကို ချက်ချင်းထိန်းလိုက်နိုင်တယ်။ သူ့မှာသာ အန္တရာယ်များလွန်းတဲ့ prankနှင့်ကြုံလိုက်သလို ခြောက်ခြောက်ချားချား။
YOU ARE READING
ချစ်စွဲ | 𝘓𝘰𝘷𝘦 𝘖𝘣𝘦𝘴𝘴𝘪𝘰𝘯 • 𝗒𝗎𝗋𝗂𝗓
FanfictionBurmese | Han Yujin x Ricky Shen [ongo] ㅡ alpha x alpha ㅡ revenge and misunderstandings ㅡ angst but comfort