❣️ခိုဝင်တိမ်းမူးမြတ်နိုးရပါသော
နှလုံးသားငယ်❣️
___________________။ ။__________________
Part _ 1ခေါင်းတိုင်မှ အငွေ့တလူလူထွက်နေတဲ့ မီးခိုးငွေ့များကိုကြည့်ကာ ကိုမောင်မောင်အေးသည် ကျလုဆဲဆဲမျက်ရည်များကို မျက်တောင်များဖြင့်ပုတ်ခတ်လိုက်ကာတိုက်ခတ်နေသောလေအေးများဖြင့်ခြောက်သွေ့စေလိုက်လေသည်...
ရင်ခွင်ထဲမှာ တရှုံ့ရှုံ့ငိုနေသော သမီးလေးကို ချော့နေရင်း သူကိုယ်တိုင်ကမငိုမိအောင်ထိန်းနေရလေသည်.....
ရှိတာကမှ မိသားစုလေးသုံးယောက်ကို သမီးလေးရဲ့ မေမေက ကိုးဆယ့်ခြောက်ပါးသောရောဂါဖြင့် ဘဝတစ်ပါးသို့ကူးသွားပြီဖြစ်လေသည်..."မငိုနဲ့ သမီး သမီးမှာ ဖေကြီးရှိသေးတယ် "
"ဖေကြီးရှိပါသေးတယ်ကွ"
သားအဖနှစ်ယောက်တည်းရှေ့ဆက်လျှောက်ရတော့မယ့်ဘဝမှာ သမီးလေးအတွက်အားတင်းရင်း ရှေ့လျှောက်မိခင်မဲ့သွားသော
နံ့သာကြည်အေး လေးအတွက် သူကသာ ကြိုးစားရတော့မှာပါလားတွေးရင်း
ဦးမောင်မောင်အေးတစ်ယောက် အရင်လို ခိုကပ်လို့မရတော့ပါလား တွေးမိလေသည်...အရင်ကဆို သမီးမေမေကစက်ချုပ်ပြီး သူကတော့ပင်လယ်ထွက်တစ်ရက် မထွက်တစ်ရက်ဖြစ်လေသည်.....
ဟိုပင်လယ်ရွာရဲ့ မိန်းမတွေအကုန်လုံးက
သမီးအမေရဲ့ လက်ရာကိုကြိုက်ကြပြီး နွေမိုးဆောင်းအထည်မပျက်....
တစ်ခါတစ်ခါ သမီးကတောင် ပြန်ပြီး လက်ချုပ်လိုက်ပေးရတဲ့အထိအပ်ထည်များလေသည်....သူကတော့ ရွာထိပ်က ကိုစန်းအောင်တို့လှေထွက်ရင်လိုက်သည်.... ရလာတဲ့ ငါးပုစွန်ကင်းမွန်တွေကို ပြန်သွင်းလေသည်.....
_
_
_
_
_
_
နံ့သာကြည်အေးသည် ကင်းမွန်ခြောက်လေးများကို ရေစိမ်ပြီးဆေးကြောကာ ခရမ်းချဥ်သီးလေးဖြင့် အစပ်ချက်လိုက်လေသည်.....
ကင်းမွန်အစပ်ချက်ပြီးတာနဲ့ ရေဆေးတုံးထားသောအာလူးလေးတွေကိုအိနေအောင်ကြော်လိုက်ပြီးတာနဲ့ ထမင်းချိုင့်ထဲထည့်လိုက်လေသည်...ဟိုပင်လယ်ရွာမှာက ဆယ်ရက်တစ်ခါမှ စျေးရှိပြီး ဟင်းစားရှားပါးလေသည်.....
ဝက်သားအမဲသားတွေကတော့ ရွာထဲပေါ်တဲ့လူရှိမှဝယ်စားရလေသည်....
အိမ်မှာကရေခဲသေတ္တာတို့ဘာတို့ မရှိတာကြောင့် အသားက ရတဲ့ချိန်မှာသာ အေးတို့က စားဖြစ်လေသည်.....
အဖေက လှေလိုက်တာကြောင့် ငါးခြောက်နဲ့ကင်းမွန်ခြောက်ကတော့ အိမ်မှာပေါလေသည်...

YOU ARE READING
ခိုဝင်တိမ်းမူးမြတ်နိုးရပါသော...နှလုံးသားငယ်
Romance"ဘယ်အရာမှမမြဲဘူး ....Nothing is permanentတဲ့ အချစ်တွေဆိုတာကလည်း Permanentဖြစ်နေဖို့ ပတ်ဝန်းကျင်ကောင်းကောင်းလိုတယ် ...."