အပိုင်း ၃၄

314 25 0
                                    

"သင်္ကြန်တောင်ကျတော့မှာပဲ"

သင်္ကြန်အငွေ့အသက်တွေကို ရှူရှိုက်နေရင်း မပွင့်လန်းသေးတဲ့ ပိတောက်ပင်ကြီးအောက်မှာ မျှော်လင့်တောင့်တနေမှုတွေနဲ့အတူ ပြောလိုက်သည်။

"မောင် သိပ်ချစ်ရတဲ့ သူလေးကိုရဖို့လည်း နီးလာပါပြီ"

တွန့်ကောက်နေသော အပြုံးတို့ဖြင့် ပုံဖော်လိုက်တော့သည်။

"သျှားလေး ဘာလုပ်နေတာလဲ"

"မနက်ဖြန်ဆို သင်္ကြန်လေ ပိတောက်လေးများ ပွင့်နေမလားလို့ လာကြည့်တာ"

"မိုးမှမရွာတာ သျှားရယ်"

"ဒီနှစ်သင်္ကြန်လည်း ပိတောက်နဲ့ဝေးပြီလား မသိပါဘူးဗျာ"

"တစ်ခြားပန်းတွေလည်း ပွင့်နေတာပဲကို စိတ်မကောင်းမဖြစ်ပါနဲ့"

မာမီ ချော့လိုက်လို့ ပိုပြီး ငိုချင်လာသည်။ ဝမ်းနည်းရိပ်တော့ ထင်တာပေါ့။

"အယ် ငိုတော့မလို့လား"

မာမီ့ကို ဖက်ပြီး ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို ချွဲနေသည်။

"သျှားလေးက အခုထိ ကလေးလုပ်တုန်းလား မိန်းမပဲရတော့မယ်"

"ဟီး သျှား မမကို ယူရတော့မှာပဲ ပျော်စရာကြီးနော်"

ချက်ချင်း ပြောင်းလဲသွားတဲ့ မျက်နှာဘေးကိုကြည့်ပြီး ဒေါ်မေတ္တာယဥ် မျက်နှာမဲ့လိုက်သည်။ မဲ့ပြုံးလေးပေါ့။

"သျှား အသက်၁၆တောင် ပြည့်တော့မှာပဲ မာမီ့ ကလေးလေးက မျက်စိအရှေ့တွင် ကြီးလာလိုက်တာ"

"ဘယ်လောက်ပဲ အသက်ကြီးပါစေ သျှား က ဒယ်ဒီနဲ့မာမီ့ကလေးလေးပဲ"

"ဟုတ်ပါပြီ ဒါဆို သမီးတေးသံစဥ် ကြတော့ရော"

"မာမီတို့နဲ့ဆိုရင် သျှား က ကလေးပါ မမနှောင်းနဲ့ဆိုရင် သျှား က အိမ်ထောင်ဦးစီးပေါ့ဗျာ"

ကျေကျေနပ်နပ်ကြီး ပြန်ဖြေပုံမှာ သွားထပ်လေးနဲ့ ပါးချိုင့်လေးများ ပေါ်နေပုံသာကြည့်ပေတော့။

"အမယ် တတ်နေတာကြည့်စမ်း"

"ဟီး သျှားကဒီတိုင်းပြောလိုက်တာပါ မာမီရယ် ကိုကိုနောင်ရော"

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now