Intro

203 29 2
                                    

_______________________

" ဟန်းဘင်းပျော်နေတာမလား..ချစ်ချစ်လေးကိုပြန်တွေ့လိုက်ရလို့  ㅎㅎ"

" ဘာလဲ ဂယူဘင်းလာမှာသိလို့ ဒီနေ့ အရောင်တောက်တွေဘာတွေ ၀တ်လာတာလား...ㅋㅋ "

" ဟန်ဘင်း မင်း မောင်က မင်းကိုလွမ်းလို့လာတာတဲ့... ㅎㅎ"

တစ်ယောက်တစ်ပေါက်ထွက်လို့လာတဲ့ အတန်းထဲကရှိတွေရဲ့စကားတွေကြောင့် သူ့မှာထိုင်ပင်ငိုချင်နေပြီ ။ ဒီနေ့ကျောင်းလာတတ်မိတဲ့ သူ့ကိုယ်သူပါ ပါးပိတ်ရိုက်ချင်သွားသည် ။ သာယာနေတဲ့ မနက်ခင်းလေးကို ဖျက်စီးပစ်သူမှာ နှစ်ယောက်မရှိတဲ့သူ့ရဲ့

ရည်းစားဟောင်း..!!!

စောစောစီးစီးမြင်လိုက်ရတဲ့မျက်နှာကြီးက ကျက်သရေတုန်းလွန်းလို့ ဟန်ဘင်းမှာ မနက်ထဲကစိတ်မကြည် ။ တိုင်းသိပြည်သိ တစ်တန်းလုံးသိ တွဲခဲ့သောကြောင့် ထိုကောင်၏ ပေါ်ထွက်လာမှုကြောင့် သူ့မှာ ကောင်းကောင်းကိုမနေရ ။ နားငြီးမတတ်အစခံနေရသည် ။

အဆောင်၀ရောက်ရောက်ချင်း ၀ရံတာကို မော့ကြည့်မိတော့ မြင်လိုက်ရတဲ့ ကျက်သတုံးရဲ့မျက်နှာ ။ မှားမြင်တာဖြစ်ပါစေဟု စိတ်ထဲ၌ အကြိမ်ကြိမ်ဆုတောင်းရင်း စူးစိုက်ကြည့်မိတော့ နောက်ကျောပေးသွားတဲ့ ထိုလူ ။

သေချာပါသည် ။ ဒီဆံပင်လုံးလုံး..။ ဒီရှည်လျားနေတဲ့အရပ်..။ ဒီစပ်ဖြဲဖြဲမျက်နှာ..။ကျိန်းသေပေါက်ကို အစုတ်ပလုတ်virgoကောင်ပင်..။
လွယ်အိတ်တစ်ဖက်ကလည်း လွယ်ထားသည်မလို့ ကျောင်းများပြန်ပြောင်းလာသလားပဲ ။ လှေကားကို တွေးဆဆတတ် ရင်း ဟန်ဘင်းကအတွေးများရပြီ အဲ့ကောင်ကျောင်း​ပြန်ပြောင်းလာရင်တော့ သူအိမ်နဲ့အတိုက်အခံလုပ်ပြီး ကျောင်းပါထွက်ပစ်လိုက်အုံးမည်..။

တစ်ယောက်ထဲ ပွစိပွစိပြောပြီး အခန်းရှေ့ရောက်လာတော့ အခန်းထဲရှိအတန်းသားတွေရဲ့ အာရုံဟာ ဟန်ဘင်းဆီမှာ..။ တစ်ချို့ကတော့ ပြုံးစိစိလုပ်ရင်း ဟိုvirgoကောင်အား ဟန်ဘင်းကိုလက်ညှိုးထိုးပြလို့ ထိုးပြနဲ့ ။

လမ်းခွဲပြီး တော်တော်ကြာမှ ပြန်တွေ့လျုက်ရသည်မလို့ ဟန်ဘင်း တော်တော်တော့ တုန်ဘှုပ်သွားခဲ့သည်ကို ၀န်ခံသည် ။ စိတ်ထဲ၌ ရင်တုန်၍ နှလုံးရောဂါရနေတဲ့လူလို လက်တွေပါတုန်နေပေမယ့် အပြင်ပိုင်းမှာတော့ မျက်နှာကိုချီထားဆဲ....။

ရည်းစားဟောင်း//2binzWhere stories live. Discover now