~2~

130 21 9
                                    


တစ်နေ့တစ်နေ့ ဟန်ဘင်းမှာလုပ်စရာဆိုလို့ရေရေရာရာသေသေချာချာမရှိ..။ဖင်ကုပ်ခေါင်းကုပ်နဲ့ပဲ ကုန်သွားတဲ့နေ့တွေကမနည်းမနော..။ကျောင်းပိတ်ရက်ဆိုအဲ့လိုပဲ...။သူမှာလုပ်စရာထွေထွေထူးထူးရှိမနေဘူး..။အိပ်လိုက်စားလိုက်..ပျင်းလိုက်...ဖုန်းကြည့်လိုက်နဲ့ပဲ..အချိန်တွေကုန်နေတာ..။

စာကတော့နဂိုထဲကဦးနှောက်ကောင်းသူမို့..ထွေထွေထူးထူးမလုပ်ဖြစ်ဘူး..စာမေးပွဲနီးမှ..မျက်လုံးနဲ့ကြည့်ဖြေတာ..။ဒီနှစ်တစ်နှစ်လုံးသူ့ဘ၀ဟာ ခြောက်ကပ်ကပ်ပါလေ..။ရည်းစားလည်းမရှိ..။ပင်ပန်းရင်ငေးစရာ..အမောပြေမျက်နှာလည်းမရှိ..။

ဘာလုပ်ရမလဲ စဥ်းစားမရတဲ့အဆုံး ဟန်ဘင်းက သက်ပြင်းတစ်ချက်ချတယ်..။တဂွီဂွီမြည်လာတဲ့ဗိုက်ကြောင့်..အနီးအနားရှိစားသောက်ဆိုင်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်..။

ပုံမှန်ဆိုမှာစားနေကြပေမယ့်..ဒီနေ့မှထူးထူးဆန်းဆန်း အပြင်ထွက်ချင်နေသည့် သူ့ကိုယ်သူလည်းအံ့သြမိသည်..။

အနီးအနားရှိ coatတစ်ထည်ကို ကောက်စွပ်လိုက်သည်...။လှဲအိပ်နေသည်မို့ ထိုးထိုးထောင်ထောင်ဆံပင်တွေကို လက်နဲ့အသာသပ်လိုက်သည်..။

ဟန်ဘင်းကမျက်စိအားနည်းသူမို့..မျက်မှန်အထူကြီးကိုတပ်ရသည်..။သူ့ပုံစံကမသိရင်အခုမှအိပ်ယာထဲကထွက်လာတဲ့လူလို..။

ခနပဲသွား၀ယ်မှာမို့ သူအရေးတကြီးမပြင်ဆင်နေတော့ဘူးလေ..။

ဆိုင်ကပုံမှန်ဆို လူရှင်းတဲ့ဆိုင်ဖြစ်ပေမယ့်..ဒီနေ့မှကြိတ်ကြိတ်တိုး..။ရှေ့လူတန်းကိုကြည့်တော့ ဟန်ဘင်းရှေ့မှာ၉ယောက်လောက်ရှိသေးသည်..။ပုံမှန်ဆို ဆက်စောင့်မနေပဲ တစ်ခြားဆိုင်သွားလောက်မှာပေမယ့်..ဒီနေ့မှထူးထူးဆန်းဆန်း ဒီcakeကိုပဲစားချင်နေတာ..။

ဟန်ဘင်းကအချိုမကြိုက်သူမို့..တကူးတကcake၀ယ်စားတယ်ဆိုတာ ဟန်ဘင်းဘ၀မှာတော်"ရှားတယ်..။

" တွေ့ပြန်ပြီနော်...ဆောင်းဟန်ဘင်း! "

"... "

အနောက်ထွက်လာတဲ့အသံသြသြကြောင့် ဟန်ဘင်းတုန်တတ်သွားတယ်..။ရင်းရင်းနှီးနှီးကြားဖူးနေကျအသံမို့..ဘယ်သူလဲဆိုတာလှည့်မကြည့်လည်း ဟန်ဘင်းသိပြီးသား..။အရင်လို " ဟန် " ဟု ခေါ်နေကြနှုတ်ဖျားကထွက်လာတာ ဆောင်းဟန်ဘင်းတဲ့..

ရည်းစားဟောင်း//2binzWhere stories live. Discover now