ရဲရဲတောက်နေတဲ့ walking red flagကိုမှချစ်မိတော့လဲသူ့အနေနဲ့ဘာမှမတတ်နိုင်ပါ။ soonyoungသည်သူအားမဆက်သွယ်သည်မှာ 3ပတ်ကျော်နေပြီဖြစ်သည်။စာမလာသတင်းမကြားနှင့် ဖုန်းလဲမကိုင်။နောက်အသစ်တစ်ယောက်နဲ့တစ်နေရာရာကို ခရီးလွန်နေပြီထင်သည်။
Soonyoungသည် wonwooအတွက် ချစ်ရသူဖြစ်သည်။သို့သော် soon youngအတွက်တော့ wonwooဟာသူငယ်ချင်းပင်။သူငယ်ချင်းတွေထက်ပိုသောဆက်ဆံရေးဖြစ်ကြောင်း Wonwooကအရိပ်ရောအကောင်လိုက်ပါပြသော်လဲ soonyoungကတော့
"ငါတို့က အရမ်းခင်ကြလို့ပါ"တဲ့ဖုန်းဆက်နေတဲ့တလျှောက်လုံး soonyoungမဟုတ်ဘဲတခြားသူဖုန်းလာကိုင်မှာကိုစိုးရိမ်နေရပြန်သည်။တခြားသူဆိုသည်မှာ အထူးသဖြင့် soonyoung၏လက်ရှိရည်းစားပင်။ မရေမတွက်နိုင်အောင်ရည်းစားများသော soon young ၏အကြောင်းကိုသိထားပါသော်လဲ တခြားသူနှင့်ရှိနေကြောင်းကိုလက်မခံနိုင်သောသူ့အတွက် တခြားသူ၏အသံကိုမကြားချင်ပါ။
"Hello Wonwoo"
Soon young အသံကြားမှသက်ပြင်းချနိုင်တော့သည်။
"Soon young မင်းဘယ်မှာလဲ"
"ငါကအခု ရေတွေမြင်နေရတဲ့နေရာမှာ"
"ပင်လယ်လား ဘယ်ပင်လယ်လဲ"
"မဟုတ်ဘူး ရေချိုးခန်းထဲမှာ"
ပြောစရာစကားပင်ပျောက်သွားသလိုပင်။
"ဘာပြောမလို့လဲ အရေးကြီးလို့လား"
"အသက်ရှိသေးလားလို့ပါ"
"မင်းကတော့ ....ဖုန်းချလိုက်တော့မယ်"....... ◇◈..........
ဒီအတောအတွင်း Wonwooကိုအချိန်မပေးနိုင်သလောက်သူ့ကောင်မလေးအတွက်တော့အချိန်ပေါနေပုံရသည်။ shoppingထွက်နေသော မိန်းကလေးအား အထုပ်တွေကိုင်ပေးကာ အလိုလိုက်ပေးနေသော soon young ရဲ့ပုံသည် သူ့အားဒေါသထွက်စေသလို စိတ်မကောင်းခြင်းများစွာကိုလဲပေးစွမ်းလေသည်။ ခဏပါပဲ soon youngပျင်းသွားရင် ချန်ထားခံရမဲ့သူတစ်ယောက်ပါပဲလို့ တွေးရင်းနဲ့ပင်စိတ်ကိုလျော့လိုက်သည်။ငယ်ငယ်လေးထဲကခင်လာကြသူတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိသည်။ soon young ကအလိုလိုက်ပေးနိုင်တဲ့လူမဟုတ် အလိုလိုက်ခံရမဲ့သူပင်။ soon young အား handleလုပ်နိုင်မဲ့သူသည် Jeon Wonwooဆိုသည့် သူ့အပြင်မရှိ။
"မင်းဘယ်အချိန်ထိဒီလိုလုပ်နေမှာလဲ"
"ဘာကိုလဲ"
"တကယ်မချစ်ဘဲ ရည်းစားတွေလျှောက်ထားနေတာကိုလေ"
"ပျော်စရာကောင်းတယ်လေ"
"မင်းကချစ်ပေးနိုင်မဲ့လူမဟုတ်ပါဘူး အချစ်ခံရမဲ့လူလေ။မင်းကိုချစ်ပေးမဲ့လူဆီကိုပဲ မသွားသင့်ဘူးလား"
"ငါမှရှာမတွေ့ဘဲ"
သူ့အားအမြဲမမြင်ချင်ဟန်ဆောင်ထားတတ်သူ။လျစ်လျူရှုထားနိုင်သူအား သူ့အနေနဲ့စိတ်မဆိုးနိုင်ခြင်းမှာလဲ သူ့အမှားဟုသာ။
YOU ARE READING
Moth to A flame
Short Storyjust a fiction. Don't be serious~ written in Burmese .. .. .. .. .. recommended song- moth to a flame by The weekend