The flame

38 4 0
                                    

ရဲရဲတောက်နေတဲ့ walking red flagကိုမှချစ်မိတော့လဲသူ့အနေနဲ့ဘာမှမတတ်နိုင်ပါ။ soonyoungသည်သူအားမဆက်သွယ်သည်မှာ 3ပတ်ကျော်နေပြီဖြစ်သည်။စာမလာသတင်းမကြားနှင့် ဖုန်းလဲမကိုင်။နောက်အသစ်တစ်ယောက်နဲ့တစ်နေရာရာကို ခရီးလွန်နေပြီထင်သည်။
    Soonyoungသည် wonwooအတွက် ချစ်ရသူဖြစ်သည်။သို့သော် soon youngအတွက်တော့ wonwooဟာသူငယ်ချင်းပင်။သူငယ်ချင်းတွေထက်ပိုသောဆက်ဆံရေးဖြစ်ကြောင်း Wonwooကအရိပ်ရောအကောင်လိုက်ပါပြသော်လဲ soonyoungကတော့
"ငါတို့က အရမ်းခင်ကြလို့ပါ"တဲ့

ဖုန်းဆက်နေတဲ့တလျှောက်လုံး soonyoungမဟုတ်ဘဲတခြားသူဖုန်းလာကိုင်မှာကိုစိုးရိမ်နေရပြန်သည်။တခြားသူဆိုသည်မှာ အထူးသဖြင့် soonyoung၏လက်ရှိရည်းစားပင်။ မရေမတွက်နိုင်အောင်ရည်းစားများသော soon young ၏အကြောင်းကိုသိထားပါသော်လဲ တခြားသူနှင့်ရှိနေကြောင်းကိုလက်မခံနိုင်သောသူ့အတွက် တခြားသူ၏အသံကိုမကြားချင်ပါ။

"Hello Wonwoo"
Soon young အသံကြားမှသက်ပြင်းချနိုင်တော့သည်။
"Soon young မင်းဘယ်မှာလဲ"
"ငါကအခု ရေတွေမြင်နေရတဲ့နေရာမှာ"
"ပင်လယ်လား ဘယ်ပင်လယ်လဲ"
"မဟုတ်ဘူး ရေချိုးခန်းထဲမှာ"
ပြောစရာစကားပင်ပျောက်သွားသလိုပင်။
"ဘာပြောမလို့လဲ အရေးကြီးလို့လား"
"အသက်ရှိသေးလားလို့ပါ"
"မင်းကတော့ ....ဖုန်းချလိုက်တော့မယ်"


....... ◇◈..........
ဒီအတောအတွင်း Wonwooကိုအချိန်မပေးနိုင်သလောက်သူ့ကောင်မလေးအတွက်တော့အချိန်ပေါနေပုံရသည်။ shoppingထွက်နေသော မိန်းကလေးအား အထုပ်တွေကိုင်ပေးကာ အလိုလိုက်ပေးနေသော soon young  ရဲ့ပုံသည် သူ့အားဒေါသထွက်စေသလို စိတ်မကောင်းခြင်းများစွာကိုလဲပေးစွမ်းလေသည်။ ခဏပါပဲ soon youngပျင်းသွားရင် ချန်ထားခံရမဲ့သူတစ်ယောက်ပါပဲလို့ တွေးရင်းနဲ့ပင်စိတ်ကိုလျော့လိုက်သည်။

ငယ်ငယ်လေးထဲကခင်လာကြသူတွေမို့ တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိသည်။ soon young ကအလိုလိုက်ပေးနိုင်တဲ့လူမဟုတ် အလိုလိုက်ခံရမဲ့သူပင်။ soon young အား handleလုပ်နိုင်မဲ့သူသည် Jeon Wonwooဆိုသည့် သူ့အပြင်မရှိ။

"မင်းဘယ်အချိန်ထိဒီလိုလုပ်နေမှာလဲ"
"ဘာကိုလဲ"
"တကယ်မချစ်ဘဲ ရည်းစားတွေလျှောက်ထားနေတာကိုလေ"
"ပျော်စရာကောင်းတယ်လေ"
"မင်းကချစ်ပေးနိုင်မဲ့လူမဟုတ်ပါဘူး အချစ်ခံရမဲ့လူလေ။မင်းကိုချစ်ပေးမဲ့လူဆီကိုပဲ မသွားသင့်ဘူးလား"
"ငါမှရှာမတွေ့ဘဲ"
သူ့အားအမြဲမမြင်ချင်ဟန်ဆောင်ထားတတ်သူ။လျစ်လျူရှုထားနိုင်သူအား သူ့အနေနဲ့စိတ်မဆိုးနိုင်ခြင်းမှာလဲ သူ့အမှားဟုသာ။

Moth to A flameWhere stories live. Discover now