"P'Mineတောင်းပန်ပါတယ်ကျွန်တော်ကိုမထားခဲ့ပါနဲ့P'ဘာလုပ်လုပ်လက်ခံပါမယ်"

Phuwinသူ့ရှေ့မှာရပ်နေတဲ့P'Mineနဲ့သူ့ကောင်မလေးဆိုသူကိုကြည့်ပြီးမျက်ရည်တွေဝဲလာမိတယ်

"ဟက်  ဘာလုပ်လုပ်ဟုတ်လား ငါမင်းနဲ့မနေချင်တော့ဘူးမင်းကအရမ်းတွယ်ကပ်လွန်းတယ်ပြီး‌ေတာ့ငါလိုချင်တဲ့မိသားစုဘ၀ကိုလည်းမင်းပေးနိုင်တာမှမဟုတ်တာအရေးကြီးဆုံးတစ်ချက်ကတော့ငါမင်းကို
အစထဲကမချစ်ခဲ့ဘူး"

"ဒါဆိုP'ကကျွန်တော်ကိုအပျော်တွဲခဲ့တာလား"

"အဲ့လိုဘဲပြောရမလားဘဲမင်းကငါ့အတွက်အရုပ်သက်သက်ဘဲငါ့ချစ်တာကငါ့ရဲ့Lucyလေးတစ်ယောက်ဘဲရှိတယ်"

"နော် အချစ်လေး"

"ခ်ခ် ဟုတ်တာပေါ့ကိုကိုရယ်"

Phuwinစိတ်ထဲ၀မ်းနည်းပြီးတော့စိတ်လဲတိုလာသည်ပတ်၀န်းကျင်မှာဘယ်လိုတွေနှိမ်ချပြောဆိုမလဲဆိုတာသိရဲ့သားနဲ့သူ့နောက်လိုက်ခဲ့တာကိုခုလိုလုပ်တော့မှာလားမားကိုလဲဘယ်လိုမျက်နှာပြရမလဲသူတွေ
ဝေတုန်းမှာဘဲသူချစ်ရတဲ့သူကကျောခိုင်းပြီးထွက်သွားခဲ့သည်ဟင့်အင်းမဖြစ်ဘူးသူထပြီးလိုက်သွားပေမယ့်မမှီတော့P'Mineတို့ကကားနဲ့မောင်းထွက်သွားလေသည်

"P'Mineကျွန်တော့်ကိုမထားခဲ့ပါနဲ့တောင်းပန်ပါတယ်"

phuwinဒူးထောက်ထိုင်ချလိုက်မိသည်ကောင်းကင်မှလဲမိုးများသည်းထည်စွာရွာသွန်းလာသည်သူ့ဘက်မှာဘယ်သူမှမရှိတော့ဘူးလားသူအသက်မရှင်ချင်ဝောာ့ဘူးဟုတ်တယ်သူမရှိတော့ရင်မားတို့လဲအေးအေးချမ်းချမ်းနေရမယ်ဒါတွေအားလုံးဟာသူမရှိရင်အေးချမ်းသွားပြီPhuwinမတ်တပ်ရပ်ကာကားလမ်းမပေါ်တက်လိုက်တော့သူရှေ့မှာကားတစ်စီးကမောင်းနှင်လာသည်သူမျက်လုံးမှိတ်လိုက်ပြီးဆုတောင်းမိသည်နောင်ဘ၀ရှိခဲ့ရင်ဒီလိုအဖြစ်ဆိုးမျိုးမကြုံပရစေနဲ့

"ဒေါက်တာကျွန်မသားလေးအခြေအနေဘယ်လိုနေလဲဟင်"

"လူနာကဘာမှမဖြစ်ပါဘူးမိုးရေထဲနေတာများလို့မူးလဲသွားတာပါပြီးတော့ကားနဲ့တိုက်မိမလို့ဖြစ်သွားတော့ခြေထောက်လဲနည်းနည်းထိခိုက်သွားပါတယ်နိုးလာရင်တော့ဆေးရုံကဆင်းလို့ရပါပြီကျွန်တော်နဲ့လိုက်ခဲ့ပြီးလိုအပ်တဲ့ဆေးတွေလိုက်ယူပါအုံး"

The Boyfriend Where stories live. Discover now