Chapter 7

152 25 2
                                    

ကျိဖုန်းချန်၏နှုတ်ခမ်းထောင့်စွန်းသည် အနည်းငယ်မျှတွန့်သွား၏။ သူသည်အံကိုကြိတ်၍ အသံခပ် တိုးတိုးဖြင့်ပြောသည် "ငါ့ကို နည်းနည်းလောက် ထပ်ပြောပေးစမ်း!"

ဝမ်ကျစ်ချူးသည် သူ့အားရှက်ရွံ့စွာ ကြည့်လိုက်သည်။

ကျိဖုန်းချန်မှ မျက်မှောင်ကြုတ်ကာ " မြန်မြန်လုပ်စမ်း။ မင်းမလုပ်ချင်ဘူးလား?"

ဝမ်ကျစ်ချူးသည် နှုတ်ခမ်းစူလိုက်ကာ "အဲ့ဒါ...အဲ့ဒါက နောက်ထပ် စျေးနှုန်းတစ်ခု ကျသင့်ပါမယ်"

"..."

သူအခုလို အော်လိုက်တာကြောင့် ဒီစိတ်ရှုပ်စရာ မှင်စာကောင်က စိတ်ထဲတွင် တေးမှတ် ထားထားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

ဌာနမှူး သူတို့နှစ်ယောက် အား လှမ်းကြည့်နေသည့်ကို တွေ့လိုက်ရသောအခါ ကျိဖုန်းသည် သွားကိုကြိတ်လျက် "ငါမင်းကို နောက်မှ နောက်ထပ် ၂၀၀ ထပ်ပေါင်း ပေးမယ်"

ဝမ်ကျစ်ချူး ကြားလိုက်ရသောအခါ မျက်လုံးတွေ အရောင်တောက်သွားပြီး "အင်း...အင်း"

ထိုနောက် သူသည်အသံ တိုးတိုးဖြင့် သတိပေးလိုက်သည် "ကျီ...ကျီ နေလောင်ခံလိမ်းဆေး"

ကျိဖုန်းချန်သည် စာပိုဒ်အများစု အားရွတ်ဆိုနေသည်မှာ နောက်ထပ်ငါးမိနစ်နီးပါး ကြာမြင့်သွားသည်။ အခြားလူများသည်လည်း စာဖတ်၍ ပြီးသောအခါ ကျစ်ချူးကို သူ့ဆီသို့ လာခဲ့ရန် သတိပေးလိုက်သည်။

ဘေးနားမတ်တပ်ရပ်နေရင်း ဆရာကြီး ကျိဖုန်းသည် သက်ပြင်းချလိုက်မိသည် သို့သော် သူ့ခေါင်း ကိုတစ်ဖက်သို့လှည့်လိုက်သည် နှင့်တစ်ပြိုင်နက် ဌာနမှူးရဲ့ သေစေလောက်သည့် အကြည့်များနဲ့ရင်ဆိုင်လိုက်ရသည်။

ဌာနမှူး : "မင်းဖတ်ပေးဖို့အတွက် သူ့ကိုရေးခိုင်းခဲ့တယ်မဟုတ်လား"

ကျိဖုန်းချန် : ....

ပိုက်ဆံသုံးလိုက်ပြီး လုံးဝ အပြစ်ဖြစ်သွားတာပဲ။

ကျိဖုန်းချန် ထွက်သွားပြီး သည့်နောက်တွင် သူ့အလှည့်သို့ ရောက်လာသည်။ ဝမ်ကျစ်ချူးသည် စိတ်မလှုပ်မရှားပဲမနေနိုင်။ သူ၏ လက်ကိုမြှောက်ကာ မိုက်ခရိုဖုန်းအား သူနှင့်သင့်တော်သော အမြင့်ရောက်အောင် ချိန်ညှိလိုက်သည်။ သို့သော် သူ၏လက်များသည် ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ယင်နေသည်။

ဗီလိန်ဗျူဟာWhere stories live. Discover now