(1)

64 14 0
                                    

2000 January

အေးမြလှသောဆောင်းရာသီကာလတွင်ပတ်ထရာနစ်စံအိမ်တော်၏နောက်ဆုံးမျိုးဆက်သမီးလေးကို ဖွားမြင်သည့်အချိန်မို့ တစ်အိမ်လုံးဟာလည်း ဂနာမငြိမ်ဖြစ်နေကြသည်။စံအိမ်တော်၏ သခင်ဟာလည်း အခန်းအပေါက်ဝတွင် ခေါက်တုံခေါက်ပြန်လမ်းလျှောက်နေသည်။

မိနစ်အနည်းငယ်အကြာ အခန်းထဲမှကလေးငိုသံစူးစူးလေးကြောင့်သခင်ကြီးစိတ်ထဲအေးချမ်းသွားရသည်။

ဘုရားသခင်ကောင်းကြီးပေးသည်ဆိုတာ ဒါမျိုးလား အိမ်တော်ထိန်းလက်ထဲမှပွေ့ချီလာသောသမီးလေးအားတဖန် သခင့်ဆီသို့လွှဲပြောင်းကာ သမီးလေးအားပွေ့ချီလိုက်သည်။ပါးလွှာပြီးရွှေအိုရောင်သန်းနေသောဆံပင်လေးနှင့် ကြည်ပြာရောင်မျက်ဝန်းတို့ဟာ မွေ့ကင်းစအရွယ်မှာတောင်လူကိုညှို့ယူနိုင်သည်။
ပါးပြင်ကလေးဟာလည်းတို့ထိလိုက်လျှင် ပဲ့ကျသွားမလားပင်ထင်စေရ သလိုမျိုး ကြွေရုပ်လေးသဖွယ်....။

အနှီးထုပ်ပန်းနုရောင်လေးထဲတွင် နှစ်ချိုက်စွာအိပ်မောကျနေသော သမီးလေးအား ပီတိဖြာနေသောအကြည့်တို့ဖြင့်ကြည့်နေသော ပတ်ထရာနစ်စံအိမ်တော်၏Alpha သခင်....

"ကြည့်ပါအုန်းငါတို့သမီးလေးက ဘယ်လောက်လှလဲ"

"ဟုတ်ပါ့သခင်ကြီးရယ် သမီးလေးကမွေးကတည်းကရွှေအိုရောင်ဆံပင်လေးနဲ့အပြာရောင်မျက်လုံးလေးရှိတော့တစ်မူထူးခြားနေတယ်"

"သမီးလေးနာမည်ကိုကောစဥ်းစားပြီးပြီလားသခင်"

အိမ်တော်ထိန်းအမေးကိုပြန်မဖြေမီ သမီးလေးအားတစ်ချက်ပြန်ကြည့်ကာ မျက်နှာအပြုံးများဝေဆာသွား သခင်။သခင့်၏ ထင်းရှုး Pheromone အနံ့ကိုပါတစ်အိမ်လုံးသို့ထုတ်လွှင့်လိုက်သည်။

"သမီးလေးကဒီစံအိမ်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ဖွဲ့စည်းထားတာမို့ သမီးလေးနာမည်ကို လပ်ဖ်ရာ့ပတ်ထရာနစ်လို့ပေးမယ်"

"သမီးလေးရဲ့ Gender ကိုမသိရသေးပေမဲ့ လူမှုပတ်ဝန်းချင်မှာ မနှိမ့်ကျဖို့ alpha တစ်ယောက်ဖြစ်လာစေဖို့မျှော်လင့်ပါတယ်သမီးလေး....."

ထိုမြို့ နှင့် မြို့အနီးအနားတွင် Gender ကွဲပြားခြင်းဟာအလွန်အရေးကြီးသည်။လူပုံအလည်မှာ မျက်နှာမငယ်ရစေရန် သမီးလေးကိုလည်း သခင်တို့လို Alpha ပဲဖြစ်လာပါစေဟု ဆုတောင်းနေမိသည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ပတ်ထရာနစ်စံအိမ်တော်၏နောက်ဆုံးမျိုးဆက်သမီးလေးမွေးဖွားချိန်နှင့်တချိန်ထဲမှာပဲ ပန်ဆတော်ဝင်စံအိမ်တော်မှာလည်း အငယ်ဆုံးသမီးတော်လေးကိုဖွားမြင်သည်။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

𝐓𝐇𝐄 𝐀𝐁𝐎 𝐙𝐎𝐍𝐄 Where stories live. Discover now