Chapter 132

19 2 0
                                    

ရုတ်တရက်ကြီးကိုယ့်ကိုကိုယ်မိတ်ဆက်လာ​သော Cale အား Hilsman သည်နားမလည်နိုင်စွာစိုက်ကြည့်မိသည်။ သို့​သော် သူ၏ပခုံးအားလှမ်းဆွဲ၍​နောက်သို့ပြန်ဆုတ်ခဲ့​သောလူတစ်​​ယောက်ရှိ​နေခဲ့​ချေသည်။

"ငြိမ်ငြိမ်​နေ"

"ခင်မျာ? အီး-ဟုတ်ကဲ့ ဟုတ်ကဲ့"

ထိုသူမှာ Eruhaben ဖြစ်​ချေသည်။

Eruhaben ​ဘေးတွင်ရှိ​နေ​သော Raon ကမူသူ​၏တိုတိုတုတ်တုတ်လက်နှစ်ဖက်အားကိုင်ဆုပ်လျက် Cale အားဆန်းစစ်​နေခဲ့သည်။

'ငါတို့ရဲ့ဟူးမန်းကထူးဆန်း​နေတယ်'

​မြေကြီးစွမ်းအင်တစ်ခုက​အက်ကွဲ​နေ​သော​ကျောက်​ဆောင်ကြားထဲမှထွက်လာ​ချိန် တခြားသ​ဘာဝစွမ်းအင်မျိုးစုံတို့မှာ Cale အားအခုပတ်လည်ဝိုင်း​နေလျက်ရှိ​ပေသည်။

Eruhaben သည်လည်းထိုအချင်းအရာအားသတိပြုမိခဲ့ကာ​နောက်သို့ဆုတ်ခဲ့သည်။

​ရှေး​ဟောင်းစွမ်းအင်များဟူသည်ကိုယ်တိုင်ရယူရ​သောအရာများဖြစ်​ပေသည်။ တခြားသူများကဝင်​ရောက်ကူညီ​ပေးလို့မရ။ အနှီလူအားကာကွယ်​ပေးရန်အတွက်သူ​တို့​တွေ​ဘေးက​စောင့်​ရှောက်​​ပေးလို့ရတယ်ဆို​ပေမယ့် နဂါးတစ်​ကောင်မှာလူသားတစ်​​ယောက်အား​စောင့်​ရှောက်​ပေးသည့်အဆင့်အထိ​အောက်မကျို့သင့်ဟု Eruhaben ထင်မိသည်။

"ဂွန်ဆယ်! ငါတို့​တွေသူ့ကို​​စောင့်​ပေးကြရ​အောင်!"

ဒါ​ပေါ့ အခုကဲ့သို့​သောချွင်းချက်များက​တော့အမြဲလိုလိုရှိတတ်သည်ပင်။

သက်ပြင်းတစ်ချက်ချပြီးသူနှင့်အတူ Cale အား​စောင့်​ရှောက်​ပေးရန် Hilsman ကို​ခေါ် သွား​သော Raon အား Eruhaben သည်လျစ်လျူရှုခဲ့၏။

သူတို့​တွေထိုသို့လုပ်​နေချိန်ကျောက်​ဆောင်ကြီးမှာဆက်လက်ကွဲအက်လို့​နေခဲ့သည်။

သူ့ဘာသူကွဲအက်​နေ​သော​ကျောက်​ဆောင်ကြီး၏ပုံစံမှာထူးဆန်းလှသည်။

ထိုအချင်းအရာတို့အပြင်ဘက်၌ဖြစ်​ပေါ် ​နေချိန် အံ့ဩထိတ်လန့်မှုတို့ဖြင့်အပြည့်ဖြစ်​နေ​သောအသံတစ်သံမှာ Cale ​ခေါင်းထဲ၌စကား​ပြော​နေခဲ့​လေသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Donde viven las historias. Descúbrelo ahora