စံပယ်ဖြူလေးသူ..။
"ကျွန်တော်အကို့ကိုကြိုက်တယ်!"
အဲ့နေ့ကဘ၀မှာရင်အခုန်ဆုံးနေ့လို့ပြောရင်မှန်ပေလိမ့်မယ်။ရိုးရိုးရှင်းရှင်းစာရွက်ဖြူကလေးတစ်ရွက်ကို ယုဇနပန်းလေးတစ်ပွင့်နဲ့သူပေးခဲ့တယ်။
ကျောင်းဆင်းချိန်မလို့ ညနေစောင်းနေပြီးသန့်ရှင်းရင်းတာ၀န်ကျတဲ့အတွက်သူနဲ့ကျွန်တော်သာ အခန်းထဲကျန်ခဲ့တယ်။ရင်ခုန်နေမိလို့ဘာပြန်ပြောရမလဲမသိ၍ ကျွန်တော်နှုတ်ခမ်း
တွေတုန်ရီကာ ရီမိတော့၏။လှောင်ပြောင်ခြင်းမဟုတ်။ဆယ်ကျော်သက်တစ်ယောက်လို ရွှင်ရွှင်မြူးမြူးကိုရီရင်း ခေါင်းကုပ်ကာ သူပေးတဲ့စာရွက်ကလေးကိုလှမ်းကိုင်လိုက်တယ်။
အံ့ဩနေပုံပေါက်တဲ့သူကလည်း ကျွန်တော်သူ့လက်ထဲကစာရွက်ကလေးကိုလှမ်းကိုင်လိုက်မှ မျက်လုံးတွေမှေးကျဉ်းသွားသည်ထိ သွားတန်းဖြူဖြူတွေပေါ်အောင်ပြုံးလို့လာတယ်။
အခန်းထဲမှာအချစ်ရဲ့အငွေ့သက်ကအပြည့်။အပေါ်ဆောင်ဖြစ်တာကြောင့် အပြင်မှာဝေဝေဆာဆာပွင့်နေတဲ့ချယ်ရီတွေရဲ့ပွင့်ဖတ်တွေက ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကိုလေနဲ့အတူလွှင့်လာတယ်။
ကျောက်သင်ပုန်းစိမ်းလေးမှာလည်း မဖျက်ရသေးတဲ့ သင်္ချာပုစ္ဆာတွေ။နေရောင်ခြည်နွေးနွေးက အခန်းထဲကလူလွတ်နေတဲ့ ထိုင်ခုံတွေပေါ်ဖြာကျနေလျက်ရှိတယ်။
"အကိုလည်းအချစ်ကိုကြိုက်တယ်..အင်း..ချစ်မိသွားတာပါ"
Crushကကိုယ့်ကိုပြန်crushနေတဲ့အနေထားလေးပေါ့။ကျောင်းပြီးဖို့တစ်ရက်အလိုမှာ တုံးနေတဲ့ကျွန်တော့်ကိုသူ့ဘက်ကအရင်ဖွင့်ပြောလာခဲ့တယ်။
အပြုံးလေးကတစ်ကယ်အကြည်ဓာတ်လေး။ဆယ်ကျော်သက်လေးတွေမို့ အချစ်ဆိုတဲ့အရာထဲမှာဘာအပူအပင်မှမပါဘဲ သူရောကျွန်တော်ပါပျော်၀င်နေတယ်။
သူရှက်တဲ့ပုံလေးကဆန်းတယ်။လက်လေးတစ်ဖက်နောက်ပစ်ထားရင်း ကျွန်တော့်ပခုံးကိုကျန်တစ်ဖက်ဖြင့်ခပ်ဖွဖွလေးလှမ်းရိုက်လို့ရှာ၏။
YOU ARE READING
စံပယ်ရောင်ယုဇန|•အချစ် (geminifourth ff✅)
Fanfictionအချစ်ရေ မင်းရယ်သံလေးမကြားရတာကြာပေါ့..။