CHA 8

118 5 2
                                    

UNICODE

"အကြိမ်ကြိမ်ပြောခဲ့ပြီးသားစကားဖြစ်ပေမဲ့ ငါဒီနေ့ထပ်ပြောမယ် ငါ..ငါမင်းကိုချစ်တယ်..သိပ်ချစ်တယ်လရောင်"

ဇေယျာ့၏နှုတ်မှ တစ်လုံးချင်းစီပွင့်ဟလာခဲ့သည့် ထိုစကားသံတို့သည် တင်းကြပ် လှိုက်မောနေခဲ့သည် ရင်အစုံကိုသာမက လရောင်၏အသက်ရှူနှုန်းတို့ကိုပါ ခေတ္တမျှရပ်တန့်သွားစေခဲ့သည်။

ရီဝေဝေမျက်၀န်းတစ်စုံမှတစ်ဆင့် နီစွေးစွေးနှုတ်ခမ်းပါးတို့ထံသို့ မြစ်ဖျားခံ၍
စီးဆင်းလာခဲ့သည့် ထိုစကားလုံးတို့သည် အစစ်အမှန်ပေတို့ဘဲလား... သို့မဟုတ်... အတုအယောင်ပေတို့ဘဲလား လရောင်မသိပါ..။

သို့သော်...

သေချာသည်တစ်ခုကတော့ ထိုစကားလုံးတို့သည် ဇေယျာမင်းမြတ်ဟူသည့် လူသားထံမှ လရောင်အကြိမ်ကြိမ်အခါခါကြားခဲ့ရသည့် စကားလုံးတို့သာဖြစ်သည်ဆိုသည်ကိုပင်...။

နှုတ်မှပြော၍မထွက်ခဲ့သော်ငြား လရောင်သည် ထိုစကားလုံးတို့အား အသိစိတ်အာရုံအတွင်းမှ ပြင်းထန်စွာပင် အကြိမ်ကြိမ်အခါခါငြင်းဆိုခဲ့ဖူး၏။

ယခု၌လည်း...

ဤကဲ့သို့ ကျဥ်းထဲကြပ်ထဲရောက်နေသည့် အခြေအနေမှ လရောင်မည်ကဲ့သို့ ကျော်ဖြတ်ရပါမည်နည်း..။ယခုအချိန်၌မူ ဦးနှောက်အတွင်းမှ အတွေးစတို့မှာလည်း ဆွဲထုတ်၍မရနိုင်အောင်ပင် ပျောက်ရှနေပြန်ပါပြီ..၊၊

ထိုအခိုက် အချိန်ကိုက်ဆိုသလိုပင် ဖွင့်ဟထားသည့် ပြတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့ ခပ်ပြင်းပြင်းတိုး၀င်လာခဲ့သည့် အေးစိမ့်စိမ့်လေညှင်း‌တစ်ခု...

မကြာသေးမီအချိန်ကထက်ပင် ပို၍မှောင်မိုက်လာပြီဖြစ်သည့် ပြတင်းပေါက်အပြင်ဘက်မှ ပတ်၀န်းကျင်အခြေအနေအား တစ်ချက်လှမ်းကြည့်လိုက်ရင်းဖြင့်...

ကောင်းကင်ပြင်ထက်၌ တိမ်ညိုတိမ်မဲတို့မှာ အဝါရောင်လမင်းအား လုံး၀ပင် ဖုံးအုပ်သွားခဲ့ပြီထင်သည်ဟူ၍ သက်ဆိုင်မှုမရှိသည့် အတွေးတစ်ခုမှာလည်း လရောင်အတွေးထဲ ၀င်ရောက်လာပြန်သေး၏။

ထိုကဲတို့ အတွေးစတို့ရောယှက်ရှုပ်ထွေးနေချိန်အတွင်း၀ယ် တဖြည်းဖြည်းဖြင့်ပို၍ တိုးကပ်လာနေသည့် ဇေယျာ့၏ခန္ဓာကိုယ်အား တွန်းဖယ်ရန် လရောင်၏
ဦးနောက်မှ အကြိမ်ကြိမ်သတိပေးနေခဲ့ပါသော်လည်း...

BLACKSUN [ONGOING]Where stories live. Discover now