ရှင်တို့ဖြစ်ဖူးကြလားတော့မသိပေမဲ့ ကျွန်မအတွက်တော့ အချစ်ရဆုံးသူဆီက ကိုယ့်ကို ချစ်ပါတယ်လို့ ပြောတဲ့ ဒီနေ့လေးဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးပဲ ဖြစ်ခဲ့တယ်။ကျွန်မဘဝမှာ သူကလွဲ ကျန်တာ ဘာမှအရေးမပါခဲ့ဘူး။
သူသာလျှင် ကျွန်မဘဝ ၊သူသာလျှင် ကျွန်မ ကမ္ဘာ ၊သူသာလျှင် ကျွန်မအချစ် ၊သူသာလျှင် ကျွန်မအရာရာပေါ့။ကျွန်မ ချစ်ရသူကို အမြတ်တနိုးနဲ့ ခေါ်တဲ့ နာမ်စားလေးကတော့ အစ်ကိုတဲ့လေ။
ဒီနေ့က အစ်ကိုနဲ့ ကျွန်မရဲ့ 7 နှစ်ပြည့် မဂ်လာနှစ်ပတ်လည်နေ့လေ။ဒါ့ကြောင့် ကျွန်မအစ်ကို့အတွက် အကုန်ပြင်ဆင်ထားခဲ့တယ်။အော် ဟုတ်သားပဲ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ့မယ်။
ကျွန်မနာမည်ကတော့ နှင်းရတီခင်ပါ။အသက်ကတော့ 34 နှစ်ဖြစ်ပြီး အစ်ကိုနဲ့ လက်ထက်ပြီးထဲက အလုပ်ထွက်ပြီး အိမ်မှာပဲ အစ်ကို့ကို ပြုစုပေးနေရတာ ကျွန်မရဲ့ တစ်နေ့တာအလုပ်ဖြစ်နေပါပြီ။ဒီနေ့တော့ ကျွန်မက အစ်ကို့ကို စပရိုက်လုပ်စရာ ရှိတာပေါ့လေနော်။
ဒါ့ဒါ.....ဟုတ်ပါတယ် ဒါကတော့ ကိုယ်ဝန်စစ်တဲ့ဟာပါ ။ဟီးဟီး အခုကျွန်မရဲ့ ဗိုက်ထဲမှာ အစ်ကို့ရင်သွေးလေး ရှိနေပါပြီရှင့် ။
"ဒေါက်...ဒေါက်..ဒေါက်..."
တစ်ခါးခေါက်သံကြောင့် လုပ်နေတာကို ချပြီး အစ်ကို့ကို ထွက်ကြိုတော့
"အစ်ကိုပြန်လာပြီလား"
"ဟို.....အတွင်းရေးမှူးက မူးနေတာမို့ ပြန်လိုက်ပို့တာပါ"
"အစ်ကို မူးနေတယ်.."
တံခါးလှပ်လှပ်ချင်း အရမ်းမူးနေတဲ့ အစ်ကို့ကိုတွေ့တော့ စိတ်ဆိုးမိသည်။ဒီနေ့က အရေးကြီးတဲ့နေ့မို့လား
"ဟုတ် လိုက်ပို့ပေးတာ ကျေးဇူးပါနော် အစ်ကို "
"အေးပါ အဲ့ဆို ငါသွားပြီနော်"
"ဟုတ်"
အစ်ကို့ကို လက်လွှဲယူလို့ တံခါးပိတ်ပြီး မနိုင့်တစ်နိုင် ထိန်းရင်း ဆိုဖာထက် လှဲစေတော့ အစ်ကို့ ရဲ့ကိုယ်က အရက်နံ့အပြင် ခပ်ဆူးဆူးရေမွှေးနံ့ပါ ယှဥ်တွဲရလိုက်သည်မို့ စိတ်တို့ဟာ အလန့်တကြားပင် အစ်ကို့ အကျ်ီ့ကို အသာဆွဲတော့ အစ်ကို့ကော်လံပေါ်က နီရဲရဲ နှုတ်ခမ်းနီအရာကြောင့် သွေးတို့ဟာ ပြောင်းပြန်စီးဆင်းသွားသလို ချာချာလည်လာတဲ့ ခေါင်းကို အသာထိန်းလို့ သက်ပြင်းတစ်ချက်ချကာ အစ်ကို့ကို ဆွဲထူလို့ မေးမိတော့ အစ်ကိုက ကျွန်မကို ရီဝေဝေကြည့်ရင်း မျက်နှာထက် အသာပွတ်လို့ နှုတ်က ကြင်နာစွာခေါ်သည်။ထိုခေါ်သံအဆုံးမှာတော့ ကျွန်မရဲ့ မျက်ရည်တွေဟာ တာကျိုးသကဲ့သို့ အဆက်မပြတ်စီးဆင်းခဲ့သည်။အစ်ကိုက ကြင်နာနူးညံ့စွာ ခေါ်လိုက်တဲ့ အမည်နာမဟာ
YOU ARE READING
first and last love
Non-Fictionမုန်းဖို့ကောင်းတဲ့အစ်ကို့ကိုမေ့ပြီး ညီမကို ပျော်ရွှင်စေတဲ့ သူမအနားမှာပဲ ညီမဘဝကိုရှေ့ဆက်မယ်........