ဂန်ဝူးက မိသားစုဝင်တွေထဲ တစ်ဦးတည်းသော ကျန်ရစ်သူလေးပေါ့။
ဆွေမရှိ မျိုးမရှိနဲ့ တစ်ကောင်ကြွက်ဘဝထဲမှာ ဂန်ဝူးကို ဂရုစိုက်ပေးခဲ့တာ လီဂျယ်ဆိုသည့် ဦးလေးကြီးပင်။
သဘာဝရဲ့ဖြစ်တည်မှုအရ ကိုယ့်အပေါ်ကြင်နာပေးလိုက်ရင် စွဲလမ်းသွားတတ်တာ သဘာဝပဲမလား။
ဂန်ဝူးမှာ လူသိမခံနိုင်တဲ့ရောဂါတစ်ခုရှိလေသည်။ ထိုရောဂါကြောင့် ငယ်စဉ်အရွယ်ကတည်းက အမျိုးသမီး ဟော်မုန်းများကာ ရင်ဘတ်ကြွက်သားများဟာ ကြီးထွားစေခဲ့သည်။ ခန္ဓာကိုယ်ကလည်း ဒွိလိင်တစ်ယောက်ဖြစ်လာသည်အထိ မိန်းမဟော်မုန်းတအားများလွန်းနေသည်။
ဟော်မုန်းသဘောသဘာဝကြောင့် အမျိူးသမီးရုပ်လိုလေးဖြစ်ကာ အမျိုးသမီးနဲ့မှားတတ်ကြလေသည်။
ဒီလိုပဲ။ ဦးဂျယ်အပေါ်မှာ ခံစားချက်တွေမြိုသိပ်ရင်း နေလာလိုက်တာ အသက်အရွယ်ပင် အတော်ရလာသည်မှာ 20 ပင်ပြည့်တော့မည်။
"beep beep"
"လာပါပြီဗျ"
ကနေ့ဟာ ဂန်ဝူးရဲ့မွေးနေ့ဖြစ်တာကြောင့် ပြင်ဆင်ရင်းအလုပ်ရှုပ်နေခဲ့ရာ အိမ်ရှေ့က တံခါးဘဲလ်တီးသံကြားတာကြောင့် လုပ်လက်စရပ်တန့်ကာ ထဖွင့်လိုက်တော့သည်။
လာမည့်လူများများစားစားမရှိတာကြောင့် ဦးဂျယ်ဆိုတာကို ကြိုသိနှင့်ပြီးသားပင်။
"ဦးဂျယ် လာပြီလား"
ရုံးဝန်ထမ်းဖြစ်သည့် ဦးဂျယ်၏ လက်ဆွဲအိတ်ကို ဆွဲယူလိုက်ရင်း အိမ်ထဲသို့ခေါ်လိုက်တော့သည်။
လင်ဖြစ်သူကိုကြိုနေသော မယားသကဲ့သို့ ပုံစံဖမ်း၍ အမြဲနေမိသည်။ဦးဂျယ်က ပုံမှန်နှင့်မတူဘဲ အနည်းငယ်မျက်နှာနီသွေးသွှမ်းနေတော့ ဂန်ဝူးလည်း မေးလိုက်သည်။
"ဦးဂျယ် နေမကောင်းဘူးလား"
မေးလည်းမေး ရင်းနှင့် နဖူးချင်းအပူစမ်းမယ်လုပ်တော့ တွန်းလိုက်သည့်ခဏတွင် သူ့ရုံးကိုလိုက်သွားတုန်းက မိန်းမတစ်ယောက်တွင်ရခဲ့ဖူးသည့် ရေမွှေးနံ့ကိုရလိူက်လေတော့ မေးကြောတွေတင်းသွားတော့သည်။
YOU ARE READING
မားဟွားရဲ့ ရမက်နန်းဆောင်
Short Story+ warning and just for fun မို့ မဆိုင်ရင် ကျော်သွားကြပါ။ >