ဆေးထည့်ပေးဖို့ ဆွဲခေါ်သွားသည့် ကောင်လေးကို ကြည့်ရင်း အံ့အားသင့်မိသွားသည် သူပျောက်သွားမိသည်မှာ လပိုင်းတင်ဖြစ်ပြီး ယခုချိန် ထိုကောင်လေး၏ ဦးစားပေးက သူမဟုတ်တော့ဘဲ အန်းကျယ်ဖြစ်နေသည်။ဒီလိုတွေဖြစ်လာဖို့ သူထွက်သွားခဲ့တာ မဟုတ်ပေ။ စေ့စပ်ဖို့ကြိုးစားခဲ့တာကလည်း ဒီလိုတွေဖြစ်လာဖို့ မဟုတ်ဘဲ ဂန်ဝူး၏ဘဝလမ်းသာယာဖို့အတွက်သာ ဖြစ်သည်။ လိင်တူကြိုက်သည်နှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်က ဘယ်လောက်ရှုံ့ချတတ်လဲဆိုတာ သူမျက်မြင်ပဲလေ။
အခုတော့ သူတွင်းတူးပြီး မြုပ်ထားတဲ့ဂေါ်ဖီထုပ်လေးကို အစားမကြူးသယောင်ထင်ရသည့်ဝက်နှင့်အတူ ထားပေးခဲ့မိသည်။ လီဂျယ်နောင်တရလို့ မဆုံးဖြစ်နေသည်။
"ဦးလေး ဘာကိစ္စရှိလို့လာတာလဲဟင်"
သူမေးလိုက်တာကို မဖြေဘဲ ဖြတ်မေးလာသည်။
"ဘယ်နေ့ကတည်းက အန်းကျယ်က မင်းကုတင်ပေါ်တက်တာလဲ" အံကြိတ်ပြီးမေးသည့်အသံကြီး ထွက်ပေါ်လာတော့ အန်းကျယ်၏လက်ကို ဖွဖွလေးညှစ်လိုက်မိသည်။
စူးရှသောမျက်ဝန်းများနှင့် ညှစ်လာသောလက်ကလေးပိုင်ရှင်ကို မော့ကြည့်ပြီး သူထိုင်သည့်ဆိုဖာပေါ်သို့ ဆွဲထိုင်စေလိုက်ကာ ရင်ခွင်ထဲတိုက်ရိုက် ဆွဲလိုက်တော့သည်။ တစ်ဖက်သူက အာရုံလွင့်နေတာကြောင့် သူဆွဲလိုက်တာကို သတိထားမမိဘဲ ရင်ခွင်ထဲသို့ ဘုတ်ခနဲပြိုကျသွားပြီး ပါးလေးကို ရွှတ်ခနဲမြည်အောင် နမ်းခံလိုက်ရတော့သည်။
"မကြောက်ပါနဲ့ ဘေဘီလေး ပြောပြလိုက် ကိုယ်ရှိတယ် မွ"
အန်းကျယ်၏အပြုအမူများကိုမြင်လေလေ လီဂျယ်တစ်ယောက် ဆွဲထိုးချင်လာလေလေပဲ။ သူတန်ဖိုးထားစိုက်ပျိုးခဲ့ရသော ဂေါ်ဖီထုပ်ကလေးကို ဝက်ကတော့ မြှိန်ရေယှက်ရေကို စားလို့လေ
လက်သီးဆုပ်လိုက်ပြီးနောက် အားယူကာ ပြောပြလိုက်သည်။
"ကျွန်တော့်မွေးနေ့ပြီး နောက်ရက်" လိုရင်းတိုရှင်းပြောပြလိုက်ပြီးနောက် မေးစေ့ကို အကိုင်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ တွန်းထုတ်ဖို့ကြံပင်မဲ့ အန်းကျယ်က လက်များကိုချုပ်နှောင်ပြီး လျှာပါဝင်ထိုးပြီး နှုတ်ခမ်းသားများကို အကြမ်းပတမ်း စုပ်လာသည်။ သူ ပိုင်ကြောင်းပြချင်နေသလိုမျိုး ပွတ်သီးပွတ်သပ်ပါလုပ်ပြီး ပြင်းပြင်းပြပြ နမ်းရှိုက်လာသည်။
YOU ARE READING
မားဟွားရဲ့ ရမက်နန်းဆောင်
Short Story+ warning and just for fun မို့ မဆိုင်ရင် ကျော်သွားကြပါ။ >