မြန်မာနိုင်ငံနှင့် ရွှေတိဂုံဘုရား
Seunghan
အချိန်ကား ညနေခြောက်နာရီ။
ထိုအချိန်မှ Seunghan အိပ်ရာကနိုးထလာခဲ့သည်မှာယုံနိုင်ဖွယ်ရာမရှိ။သူစအိပ်သောအချိန်သည် မနက်ဆယ်နာရီမျှသာရှိသေးပြီး ထိုမျှလောက်ထိအိပ်ပျော်သွားမည်ဟုမထင်ထားခဲ့မိ။
ဖုန်းကိုဖွင့်ကြည့်တော့ ပါဝါပိတ်နေပြီဖြစ်သောဖုန်းကအလုပ်မလုပ်တော့။ထိုအခါမှ သူ YouTube ကြည့်နေရင်းအိပ်ပျော်သွားသည်ကိုသတိရသည်။
နိုင်ငံတစ်ခုအကြောင်းစိတ်ဝင်းတစ်စားရှာဖွေကြည့်ရှုနေရင်း မျက်လုံးတွေလေးလာပြီတစ်ချိုးတည်းအိပ်ပျော်သွားခဲ့တာဖြစ်သည်။
ငြီးစီစီဖြစ်နေသောကြောင့် ရေထချိုးလိုက်ပြီးနေ့လယ်စာနှင့်ညစာပေါင်းစားရန် အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။
" အိမ်မှာရှိနေတာလား "
" ဗျာ... "
Seunghan ကြောင်သွားသည်။ သားတစ်ယောက်လုံးအိမ်မှာရှိနေတာကို ကျွန်တော်ရဲ့အဖေကမသိဘူးတဲ့လေ။ သူ့အပြစ်တော့မဟုတ်လှ။ ကျွန်တော်ဆိုတာလည်း အိမ်ကပ်တဲ့ကောင်တော့မဟုတ်။
ဒီနေ့ဆိုလည်းမိုးလင်းပေါက်ကဲပြီး အိပ်ပြန်ရောက်တော့မနက်7နာရီထိုးနေပြီ။ အဲ့တာမို့တစ်နေကုန်အိပ်ပျော်နေတာ။ ကျွန်တော်အိမ်မှာရှိနေမှန်း အမေသာလျှင်သိလိမ့်မည်။
ဧည့်ခန်းအတွင်း အဖေထိုင်နေသောခုံနှင့်တစ်ခုံကျော်ကာဝင်ထိုင်လိုက်တော့ အဖေကမျက်မှောင်ကြုတ်ကာကြည့်လာသည်။ သူသတင်းစာဖတ်နေတာကို အနှောက်အယှက်ဖြစ်သွားလို့တော့မဟုတ်တန်ရာ။
" ထူးထူးဆန်းဆန်းအိပ်ကပ်နေတာ မျက်ခုံးလှုပ်လိုက်တာကွာ ၊ ငါ့မှာမင်းငြိမ်နေလည်းကြောက်ရ ၊ တစ်ခုခုလုပ်လည်းကြောက်ရ "
" အဖေရာ.... ကိုယ့်သားကိုယ်ကြောက်နေရတယ်ဆိုတာတော့မမိုက်ပါဘူး "
Seunghan စကားကိုအမေကသဘောကျစွာရယ်ရင်း ဧည့်ခန်းထဲဝင်လာသည်။
" သားအဖနှစ်ယောက် ညစာစားကြမယ် "