Part _ 2

29 4 0
                                    

တစ်မနက်ခင်း ကျန့်"တို့ရဲ့ မိသားစုဂေဟာလေးတွင်....

"ချစ်ရေ..ကိုတို့ ကျန့်"ကို ဒီတိုင်းအလိုလိုက်ထားလို့တော့မဖြစ်တော့ဘူးထင်တယ်...

" ကျန့်ကျန့်က လိမ်မာပါတယ် ကလေးဆိုးလေးဆိုးနေတာပဲရှိတာ.. "

" အဲ့ဒါခက်တာပဲ..အခု ကျန့်ကျန့်ရဲ့အသက်က 17နှစ်တောင်ရောက်ပြီ..ဒီနှစ်အထက်တန်းပြီးတာနဲ့ တက္ကသိုလ်ထားရတော့မှာ ဒီလိုကလေးဆန်ပုံနဲ့ဘယ်လိုလို့စိတ်ချရမှာလဲ..မင်းပဲစဥ်းစားကြည့်ပါအုန်း အခုတောင်အိမ်နားက ကလေးပေါက်စတွေနဲ့သွားဆော့နေတာလေ..ပြန်လာရင် ပေသလူးလာပြီး ကလေးတွေနဲ့အခက်မသင့်ရင် ရန်ကဖြစ်လာအုန်းမှာ.."

"ကျွန်မလဲ တခါတလေကျစဥ်းစားမိပါတယ် ကျန့်ကျန့်လေးဒီလိုကလေးတအားဆန်နေတာက ချစ်ဖို့ကောင်းနေပမယ့် နောက်နှစ်တက္ကသိုလ်တက်ဖို့ကျောင်းထားရတဲ့အခါ ကျန့်ကျန့်လေးအတွက် အစစ အရာရာအဆင်ပြေပါ့မလားဆိုတာတွေးပူနေရတာ..ဒီချုံချင်းကြတော့လဲ University ကောင်းကောင်းကမရှိဘူး ကျန့်ကျန့်ကို နယ်မှာလဲမကြီးပြင်းစေချင်ဘူး  ကျမသားလေးက အချောအလှလေး မြို့သားလေးဖြစ်ပီး တည်"ခန့်" သန့်သန့်လေးပဲ ဖြစ်စေချင်တာ.. "

"မင်းရဲ့သားပုံစံနဲ့တော့ ဖြစ်နေပါလိမ့်မယ် တည်"ခန့်"ပုံစံတဲ့ ဟားးး"

"ကျွန်မတို့မှာငွေကြေးလဲပြည့်စုံတယ် သားလေးကလဲအချောအလှလေး စာမလုပ်တာနဲ့တအားဆော့တာကလွဲရင် ညဏ်ကလဲကောင်းတယ် စပ်စလူးစွာကျယ်လေးဖြစ်နေတာကလွဲရင် စိတ်ထားလေးကလဲကောင်းသေးတာ လူမှုဆက်ဆံရေးကောင်းပီးချွဲစိန်လေးမို့လို့လဲ တစ်မျိုးလုံးက အလိုလိုက်ဖူးဖူးမှုတ်ထားသေးတာမလား.. ကျွန်မသားလေးက ပြည့်စုံပါတယ်ရှင့် "

"ဗြဲးးးး မားရေ ပါးရေ ဘယ်သူမှမရှိကြဘူးလားး ကျန့်ကျန့်ကိုလာကြည့်ပါအုန်း ...အဟင့်အဟင့်"

တစ်ကိုယ်လုံးရွံ့တွေပေပြီး မျက်ရည်လေးရွှဲ"နဲ့ ကြောင်ချီးကုပ်လေးက သူ့ဒူးလေးကို လက်တဖက်နဲ့ဖိပီးကျန်လက်တဖက်က စက်ဘီးလေးတွန်းကာ ခြံဝင်းတံခါးကိုတွန်းဖွင့်ဝင်လာပီး အော်လေရဲ့..

You've reached the end of published parts.

⏰ Last updated: Sep 29 ⏰

Add this story to your Library to get notified about new parts!

Young Love🌿Where stories live. Discover now