Intro

9 2 0
                                    

ဆေးလိမ်းရုံနဲ့ပျောက်မသွားနိုင်တဲ့
အကြီးမားဆုံးနာကျင်မှု အချစ်တဲ့
ဒါပေမယ့်လည်း ချစ်မိသွားမှတော့
နာကျင်နေရတယ်လို့ ခံစားမိလည်း
ဆက်ပြီးတော့ ရူးမိုက်သွားရုံပေါ့။

အထက်တန်းပထမနှစ်ကျောင်းသားလေးယန်းဂျုံအင်ဟာ အချစ်ကိုကိုးကွယ်တဲ့ကလေးရယ်။ အဲ့ဒီအချစ်က ဂျုံအင့်ကိုမမြင်တာတောင် ဂျုံအင်ကတော့အချစ်ကိုဘဲငေးကြည့်နေခဲ့တာ။

အချစ်ဆိုတာကြီးကတကယ်ဘဲဂျုံအင်ကိုမျက်နှာသာမပေးပါ။ ဂျုံအင်ဖွင့်ပြောမယ့်နေ့မှာ ချစ်ရသူဟာသူချစ်နေတဲ့ကောင်မလေးကြောင့်နာကျင်ရတာတွေကိုရင်ဖွင့်လာခဲ့တော့ ဖွင့်ပြောတာကိုလည်းမလုပ်နိုင်တော့ဘဲ ကောင်မလေးအပေါ်ထားတဲ့ချစ်ရသူ၏မဆုံးနိုင်သည့်မေတ္တာတွေကိုသာနားထောင်ပြီးနှစ်သိမ့်ပေးခဲ့ရတယ်။

အဲ့ဒီညက ဂျုံအင်တစ်ယောက်အခန်းထဲကတောင်မထွက်လာဘဲ တစ်ညလုံးငိုနေခဲ့ပြီး မနက်ကျတော့ဖျားပါလေရောတဲ့။

အချစ်ဦးဆိုတဲ့အသိနဲ့ လက်မလွှတ်နိုင်ဘဲ ကြိုးသေးသေးလေးနဲ့ဖြစ်ဖြစ် ရအောင်ဆွဲထားချင်ခဲ့သည့်ဂျုံအင်ဟာ အစကနေအဆုံးထိနာကျင်ခဲ့ရတာ။

ဟွမ်ဟျွန်းဂျင်ဟူသောဂျုံအင့်၏အချစ်ဦးလေးဟာ အမြဲလိုလို ဂျုံအင်အစား ဂန်ဟာအွန်းကိုသာရွေးချယ်သွားတက်သူ။ ဂျုံအင်ကတော့ဟာအွန်းနှင့်ပြုံးပျော်နေသည့် ဟွမ်းဂျင်ကိုသာငေးရင်းပေါ့။

သို့သော်လည်း လက်မလျော့နိုင်သည့်ဂျုံအင်လေးဟာ နောက်တစ်ခေါက်ထက်ပြီးဖွင့်ပြောဖို့ကြိုးစားပါတော့တယ်။

ထက်ပြီးတော့ကြိုးစားခဲ့ပေမယ့် အချစ်ဆိုတာကြီးကဂျုံအင့်အားကျိန်စာတိုက်နေသလားထင်ရလောက်အောင် မအောင်မြင်ပြန်ပါ။ ဖွင့်ပြောရမယ့်အစား ဟျွန်းဂျင်နှင့်ဟာအွန်းတို့ တစ်ယောက်ကိုတစ်ယောက်ဖက်ထားသည့်ပုံရိပ်တွေကိုမြင်ယောင်ရင်း မျက်ရည်တွေသာအဖက်တင်ခဲ့တယ်။

ချောကလက်ဘူးလေးနှင့်စာအိတ်ကလေးဟာ အထီးကျန်စွာ ခုံတန်းလျားလေးပေါ်တွင် ငိုကြွေးနေတော့သည်။

ရုန်းထွက်မရတဲ့အဆုံး ထွက်ပြေးဖို့သာဆုံးဖြတ်လိုက်တော့တယ်။ ဟျွန်းဂျင်ဆိုတဲ့သူကိုမေ့နိုင်ဖို့အတွက် ဟျွန်းဂျင်ရှိတဲ့နေရာကိုကျောခိုင်းပြီး အဆက်အသွယ်ပါဖြတ်ခဲ့သည့်အတွက် မေ့နိုင်ပြီထင်ခဲ့ပေမယ့် နာကျင်စရာအတိတ်ဟောင်းဟာ ထက်ပြီးတော့ ဂျုံအင့်ရှေ့ကိုရောက်လာပြန်တယ်။

ဟျွန်းဂျင်ဟာ ဂျုံအင်ဆီကိုရုတ်တရက်ပြန်ရောက်လာခဲ့ပြီး အဲ့ဒီညက ဂျုံအင်ထားခဲ့တဲ့ စာအိတ်လေးကပါဟျွန်းဂျင်လက်ထဲမှာရှိနေတာ။

꒦꒷꒷꒦꒷꒦꒦꒷꒦꒷꒷꒦꒷꒦꒷꒷꒦꒷꒦꒷꒷꒦꒦꒷꒦꒷꒷꒦

☆ 29,Sep,2024
☆ Hyunin Fanfiction
☆ Hazel Myine

TBC......

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

𝐈𝛈𝛈𝗶‌︪︩𝗲'ऽ 𝐋𝝾𝘃𝗲 𝗦ߙ𝝾𝗿𝛄 Where stories live. Discover now