Chapter 8

245 46 0
                                    



ဝမ်ကျစ်ချူးသည် ဒေါသထွက်စေနိုင်လောက်သည့် စကားများအား ပြောဆိုပြီးသည့် နောက်တွင် တံတွေးအား မြိုချလိုက်သည်။ ထို့နောက် သူ့အရှေ့မှလူအား မော့ကြည့်လိုက်သည်။

သူမော့ကြည့်လိုက်ချိန်တွင် ချင်ကျားရှု၏မျက်နှာပေါ်မှအမူအရာသည် ခဏလေးအတွင်းတွင် ပျောက်ကွယ်သွားသည်။

သူသည်နော က်မဆုတ်ပဲ မနေနိုင်ပေ။

"ဟေ့...နတ်...နတ်သူငယ်လေးရေ"

[စနစ် : ငါဒီမှာရှိတယ်]

ဝမ်ကျစ်ချူး၏ခြေထောက်များသည် ခဏတာမျှ တုန်ခါသွားပြီး "မြန်မြန်...မြန်မြန်လုပ်ပြီး ဒီတာဝန် ကို ပြီးမြောက်စေလိုက်တော့"

[စနစ် : ဘာလို့လဲ]

ဝမ်ကျစ်ချူး : "မင်း ငါ့ကို ခဏလောက်တော့ မတွေ့ဘဲ ပျောက်နေမှာကို စိုးရိမ်လို့"

[စနစ် : သင် အဲ့ဒီမှာ ရပ်နေတာ မဟုတ်လား၊ ဘယ်လိုလုပ်ပြီး မင်းကို မမြင်ရဘဲနေမှာလဲ]

ဝမ်ကျစ်ချူးမှာ ကြောက်လန့်စွာဖြင့်ပြောသည် "သူ့လက်သီးတွေ ပြင်နေပြီ"

"..."

သူ၏နှလုံးသည်ရင်ဘတ်ထဲတွင် ဒရမ်တီးနေသကဲ့သို့ဖြစ်နေပြီး တာဝန် ပြီးမြောက်တော့မည်ဟု မျှော်လင့် နေစဉ်အတွင်းမှာပင် စက်၏ အသံမှာ အေးစက်စွာ ပင်ထွက်လာသည် : [မပြီးမြောက်နိုင်ပါ]

မျက်လုံးများဖြည်းညှင်းစွာပွင့်လာပြီး "ဘာလို့လဲ"

[စနစ် : သင်ဘာလို့ ငါ့ကိုမေးနေတာလဲ၊ သူ့ကိုမေး]

ဝမ်ကျစ်ချူးသည် ချင်ကျားရှုအားကြည့်လိုက်သည်။

"..."

ဒီကောင်က စိတ်တော်တော် မာကျောတာပဲ။

သူ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သေးဘူးပဲ။

သို့သော် တစ်ဖက်လူ၏ မျက်နှာအသွင်အပြင် ဆိုးဝါးလာသောအခါ သူသည် နောက်ထပ်စကား ထပ်မပြောရဲတော့ပေ။

သူကြောက်နေသည်မှာ နောက်ထပ် ဘာမှမပြောနိုင်ခင်ပင် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားမည် ဟုပင် ထင်ရသည်။

ဗီလိန်ဗျူဟာWhere stories live. Discover now