ဂျောင်ဝန်းက သောကြာနေ့ညနေဆို အသေပျော်သလောက် တနင်္လာနေ့မနက်တွေကိုအမုန်းဆုံးပဲ.....
ဘယ်တတ်နိုင်မလဲလေ~~
ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်နေတော့လည်းအိပ်ရာမထချင်လည်းထရတာပါပဲ~~
လေးလံနေတဲ့မျက်ခွံတွေကို မနည်းဖြဲယဲလို့ တုံ့နှေးတုံ့နှေးခန္ဓာကိုယ်ကြီးကိုသယ်ပြီးအလုပ်ထဲရောက်အောင်လာရတာပေါ့~~
ဒါပေမဲ့ အလုပ်ထဲရောက်ရင် ဂျောင်ဝန်းရဲ့လေးလံထိုင်းမှိုင်းတဲ့စိတ်တွေဘယ်ရောက်သွားမှန်းမသိအောင်ကို ချက်ချင်းသွက်လက်တဲ့လူငယ်လေးဖြစ်သွားရော~~
"ဂျောင်ဝန်းရေ~ဒါလေး Print ထုတ်ပေးပါဦး~၁၀စောင်နော်...မြန်မြန်လေး"
"ဂျောင်ဝန်းရေ~ဂျာကြီးက coffeeတစ်ခွက်လောက်တဲ့~ဖျော်ပြီး သူ့ဆီသွားပို့ပေးလိုက်နော်"
"ဂျောင်ဝန်းရေ ဒီfileလေးကို Boss ဆီသွားတင်ပေးပါဦး......"
"ဂျောင်ဝန်းရေ ဒါလေးကို........"
"ဂျောင်ဝန်း ဒီပစ္စည်းက..........."
အစရှိသဖြင့် ဂျောင်ဝန်းချင်းထပ်နေအောင်ခေါ်ပြီး ခိုင်းတတ်ကြတဲ့လုပ်ဖော်ကိုင်ဖက်မမတွေကြောင့် တစ်ချက်လေးမှမနားရပဲ သံပတ်ပေးထားတဲ့အရုပ်လိုလှုပ်ရှားရပါသည်~
အဲ့လိုဆိုလို့ သူကအလုပ်သင်လေးမဟုတ်ပဲ သာမန်ဝန်ထမ်းလေးတစ်ယောက်ဖြစ်လာပေမဲ့ အလုပ်သင်ဆင်းကတည်းက ဖင်ပေါ့တာကြောင့် အလုပ်ထဲကလူတွေက အခုထိ
ဂျောင်ဝန်းမှဂျောင်ဝန်းဖြစ်နေကြဆဲ~~~ဘာပဲဖြစ်ဖြစ် ဒီကုမ္ပဏီမှာလုပ်ရတာဂျောင်ဝန်းပျော်ပါတယ် ~~~
တစ်စုံတစ်ယောက်ရဲ့အရိပ်အောက်မှာရှိနေတာမို့.......
°~°~°~°~°~°~°~°~°~°~
"ဂျောင်ဝန်းလေး အစ်မတို့နဲ့တစ်ခါတည်းပြန်လိုက်ခဲ့လေ...."
"အော.....ကျွန်တော်ကဝင်စရာလေးရှိသေးလို့~"
"အေး အေး အိမ်သေချာပြန်နော်...."
"ဟုတ်ကဲ့...."
တကယ်လည်း ဂျောင်ဝန်းက မေမေ့အတွက်လိုတာတွေဝင်ဝယ်ရမှာမို့ ခြေလှမ်းတွေကို
ဆန့်ကျင်ဘက်ဆီဦးတည်လိုက်သည်~~
YOU ARE READING
3. WHAT'S AFTER "LIKE"???
Fanfiction*သဘောကျတယ်* ဆိုတာပြီးရင် ဘာလာလဲ??? Inspired from IVE's After *Like*💗