"အား.....ချောလိုက်တာ ငါ့ idol ကြီးက~~"
ဖုန်းထဲမျက်နှာကြီးကျွံဝင်သွားတော့မတတ်ကိုဆတ်စလူးထနေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး ဆောင်းဟွန်းခေါင်းသာယမ်းလိုက်မိသည်~
အလကား...အပိုတွေ~
အဲ့ဒီ့ အီဟီဆွန်းဆိုတဲ့သူက ဘယ်လောက်များချောနေလို့လဲ???
"အမလေး~~ငါ့ကောင်လေးက အခွန်မဆောင်ရတိုင်းချောနေတော့တာပဲ~ ငါလေးတော့ ပိုက်ဆံစုမှဖြစ်တော့မယ်....magazine ထွက်ရင်ဝယ်ကိုဝယ်မှဖြစ်မှာ~"
"အေး အေး ဂင်ဆောနူရေ~နောက်မှပိုက်ဆံမရှိတော့ပါဘူးဆိုပြီး သနားကမားလာလုပ်ပြရင်တော့ မင်းအမေနဲ့တိုင်ပြောမှာ~"
ဆောင်းဟွန်းရဲ့တစ်ချက်လွှတ်ရာဇသံ
ကြောင့် ဆောနူကမျက်စောင်းလှည့်ထိုးရင်း
ပွစိပွစိပြောနေသည်..."မင်းသာ ချောတယ်ပြောနေ~ငါကတော့အဲ့တစ်ယောက်ကိုကြည့်လို့ကိုမရပါဘူး~အလကား ရုပ်လေးချော အပြောလေးကောင်းလို့ modelဖြစ်လာပြီး ကောင်မလေးတွေသဘောကျတယ်ဆိုတိုင်း ဘဝင်တွေစွတ်မြင့် အပိုတွေလုပ်ပြ..............."
"တော် တော် ပတ်ဆောင်းဟွန်း~ငါသူ့ကိုသဘောကျတာ ရုပ်ရည်တင်မဟုတ်ဘူး~သူ့ရဲ့ခံယူချက် စိတ်နေစိတ်ထား သူ့ရဲ့Fanတွေကိုချစ်တတ်တာ အလုပ်ကိုလေးစားတတ်တာတွေကြောင့် သိရဲ့လား??~ ငါ့idolကိုလာမဘူလီနဲ့~အသက်ချင်းလဲပစ်လိုက်မယ်~ သဘောပေါက်"
ဆောနူက အီဟီဆွန်းမှ အီဟီဆွန်း တော်တော်ဖြစ်နေကာ နည်းနည်းလေးတောင်အပြောမခံတာကြောင့် ဆောင်းဟွန်းမျက်နှာတစ်ချက်မဲ့လိုက်ပြီးတွက်လက်စပုစ္ဆာကိုသာဆက်တွက်နေလိုက်သည်~~
အီဟီဆွန်းက အလကား~~
သေချာကြည့်ရင် ဆောင်းဟွန်းလောက်တောင်မချောပဲနဲ့များ~~~
ဆောင်းဟွန်းသာ Idolလုပ်လိုက်ရင် သူနေရာပျောက်သွားမှာစိုးလို့ သနားလို့ လွှတ်ပေးထားတာ သဘောပေါက်~~~
°~°~°~°~°~°~°~°~°~°~°~
ဆောင်းဟွန်းရဲ့ အီဟီဆွန်းအမြင်ကပ်တဲ့ရောဂါက ဘယ်ကစသလဲဆိုရင် အတန်းထဲကနေစတယ်ဆိုရမှာပဲ~
YOU ARE READING
FROM EVANOPHOBIA TO EVANOPHILE
Fanfictionဘုရားရေ !! ဒါကဘယ်လိုတောင် ရယ်စရာကောင်းလိုက်တဲ့ ဟာသမျိုးလဲ????