သူမရဲ့ဖြေရှင်းချက်ကို ကျွန်မဖတ်ကြည့်ပြီးပါပြီ။သူမ ပြောထားတာက သူမက ဆရာမသျှင်မဝတ္ထုကနေ စိတ်ကူးရတယ်။ အဲ့လိုရေးချင်ခဲ့တာလို့ပြောပါတယ်။ ဒီနေရာမှာပဲ သူမရဲ့စိတ်ကူးဖြစ်လာပုံကိုပြောထားတာပါ။ တစ်ချို့ကလည်း ကျွန်မကရော အင်စပိုင်းယားထားတာလားဆိုပြီး ထင်ယောင်ထင်မှား ပြောလာခဲ့ပါတယ်။ အဲတော့ ကျွန်မအနေနဲ့ မဟုတ်ကြောင်းကို ရှင်းပြဖို့ တာဝန်ရှိလာပါတယ်။ သူမပြောတဲ့ ဝတ္ထုကို သွားဖတ်ကြည့်ပါ။ ဇာမ်လမ်းကျောရိုး၊ ဇာတ်လမ်းအဖွင့်၊ ဇာတ်ကောင်တည်ဆောက်ပုံ၊ ဇာတ်ဝင်ခန်း၊ နောက်ခံ၊ ဖြစ်စဉ်တွေကအစ ကျွန်မဇာတ်လမ်းနဲ့ ဘာမှမသက်ဆိုင်တာကို တွေ့ရပါလိမ့်မယ်။
ဒီလိုပြောတော့ ကျွန်မအတော်လေး အံ့ဩရပါတယ်ရှင်။ ကျွန်မဇာတ်လမ်း Mainဟာ ဇာတ်လမ်းကျောရိုး(ခ)ဇာတ်အိမ်၊ ဇာတ်လမ်းအဖွင့်၊ ဇာတ်လမ်းအချိတ်အဆက်၊ ပြဿနာ အစ အလယ် အဆုံး ချိတ်ဆက်ထားပုံ၊ ပြန်လည်ဖြေရှင်းပုံ အားလုံးဟာ ဆင်တူရိုးမှား မရှိကြောင်း အာမခံပါတယ်။ အချိန်မရွေး ဖြေရှင်းပေးနိုင်ပါတယ်။ ကျွန်မ ဖန်တီးမှုဟာ ကိုယ်ပိုင်ဖြစ်ကြောင်း တာဝန် အပြည့်အဝယူနိုင်ပါတယ်။ (ကျွန်မကိုပါ ဆွဲထည့်လိုက်ကြတဲ့အချက်ကတော့ မဟုတ်သေးဘူးလို့ မြင်ပါတယ်)။
သူမဟာ ဘယ်ဝတ္ထု၊ ဘယ်ဇာတ်လမ်းကို အင်စပိုင်းယား ယူတယ်ပြောပြော။ ကျွန်မ Fiction Mainကို ဖတ်ဖူးတယ်ပဲပြောပြော၊ မဖတ်ဖူးဘူးပဲပြောပြော သူမရေးထားတဲ့ ဇာတ်လမ်းကျောရိုး၊ ဇာတ်လမ်းအဖွင့်၊ ဇာတ်လမ်းအချိတ်အဆက်၊ ပြဿနာကို ဖြေရှင်းပုံတွေက ကျွန်မဇာတ်လမ်းနဲ့သာ တူညီနေတာပါ။ Mafia Typeကို ကျွန်မနဲ့ တစ်ဖက်စာရေးသူ နှစ်ယောက်တည်း ဖန်တီးကြတာ မဟုတ်ပါဘူးရှင်။ Mafia Typeရေးသူတိုင်းကိုလည်း စွပ်စွဲခဲ့တာမျိုး မရှိပါဘူး။ Armed Affectionကတော့ ကျွန်မရဲ့ ဇာတ်လမ်းနဲ့ ဆင်တူနေတယ်လို့ ကျွန်မကိုယ်တိုင်လည်း ခံစားရတဲ့အတွက် အခုလိုပြောရခြင်း ဖြစ်ပါတယ်။ သူမက ဖြေရှင်းထားတာမဟုတ်ဘဲ ငြင်းချက်နဲ့သူ့ကိုယ်သူ ကာကွယ်ပြောဆိုတာပါ။
Copyလို့ သတ်မှတ်ယူဆလို့ရတဲ့ အချက်တွေကို ပြောပါမယ်ရှင်။ ကျွန်မက ဒီအချက်တွေနဲ့ သူမကို Copyတယ်လို့ ယူဆခြင်းဖြစ်ပါတယ်။